Maxima Deposits Account, Maxi-Cash Account
စာရင်းသေအပ်ငွေ/ Maxima Deposit နှင့် Maxi-Cash အကောင့်
Maxima Deposit Account
ရေရှည်ရင်းနှီးမြှပ်နှံမှုပြုလုပ်ဖို့အတွက် AGD ဘဏ်၏ Maxima Deposit အကောင့်ကို ရွေးချယ်ထားသင့်သည်။ အမြင့်ဆုံးအတိုးနှုန်းများဖြင့် သင့်၏ငွေကို လုံခြုံစိတ်ချရပြီး ပိုမိုကြီးပွားတိုးတက်လာစေမည့် နည်းလမ်းဖြစ်ပါသည်။
Maxima Deposit အကောင့်များဖွင်လှစ်ပြီး လအလိုက် ရွေးချယ်ပြီး အပ်နှံနိုင်မှာ ဖြစ်ပါသည်။ တစ်နှစ်လျှင် အတိုးနှုန်းအများဆုံး ၁၀% အထိ ရရှိနိုင်မှာ ဖြစ်ပါသည်။
Features
• အပ်နှံငွေပမာဏကန့်သတ်ချက်မရှိပါ
• သတ်မှတ်ထားသော လအလိုက် အကောင့်ထဲသို့ အတိုးထည့်သွင်းပေးသွားမှာပါ
• မြန်မာငွေကျပ်ဖြင့်သာ အကောင့်ဖွင့်လှစ်နိုင်ပါသည်
Benefits
• လုံခြုံစိတ်ချရခြင်း
• အမြင့်ဆုံးအတိုးနှုန်း ၁၀% အထိ ရရှိနိုင်ခြင်း
• Customer များလိုအပ်ချက်အတိုင်း အလိုအလျောက် သက်တမ်းတိုးနိုင်ခြင်း၊ အတိုးထုတ်ယူနိုင်ခြင်း၊
• လအလိုက်ရွေးချယ်အပ်နှံနိုင်ခြင်း
Rates and Fees
ကာလ | အတိုးနှုန်း (p.a.)* |
၁ လ | ၈.၅% |
၃ လ | ၉.၂၅% |
၆ လ | ၉.၄% |
၉ လ | ၉.၄% |
၁၂ လ | ၁၀% |
Eligibility
• မြန်မာနိုင်ငံသား အသက် (၁၈) နှစ်နှင့် အထက် ရှိသူ (တစ်ဦးတည်းအကောင့် (သို့) ပူးတွဲအကောင့်)
• တစ်ဦးတည်းပိုင်လုပ်ငန်း၊ ပူးတွဲဆောင်ရွက်မှုလုပ်ငန်း၊ မြန်မာနိုင်ငံ ကုမ္ပဏီမှတ်ပုံတင်ထားသည့် စာရွက်စာတမ်း
• ငွေအပ်နှံခြင်းကို ငွေသား၊ အခြားဘဏ်မှ Interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့ဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ (AGD ဘဏ်တွင် ဘဏ် အကောင့်မရှိလျှင်)
တစ်ဦးချင်းဆိုလျှင်
• မှတ်ပုံတင် မိတ္တူ/ နိုင်ငံကူးလက်မှတ်
ကုမၸဏီ
• ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းများ
• အကျိုးခံစားခွင့်ပိုင်ရှင်များ၏ သက်သေခံစာရွက်စာတမ်းများ (မှတ်ပုံတင် / နိုင်ငံကူးလက်မှတ်)
• Memorandum of Association / Article of Association (in case of Pvt. Ltd)
• ပူးတွဲစာချုပ် (ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ဆောင်နေပါက)
Maxi-Cash Account
ယုံကြည့်စိတ်ချရပြီး လစဉ်ဝင်ငွေရရှိသော ရင်းနှီးမြှပ်နှံမှု အတွက်အထူးသင့်တော်သော အကောင့်အမျိုးအစားဖြစ်ပါသည်။
အတိုးနှုန်း ၉.၇၅% အထိရရှိနိုင်မည်ဖြစ်ပြီး ရရှိသောအတိုးကို ငွေသားအဖြစ်အကန့်အသတ်မရှိ လစဉ်ထုတ်ယူနိုင်ပါသည်။
Features
• သတ်မှတ်ထားသော လအလိုက် အကောင့်ထဲသို့ အတိုးထည့်သွင်းပေးသွားမှာပါ
• မြန်မာငွေကျပ်ဖြင့်သာ အကောင့်ဖွင့်လှစ်နိုင်ပါသည်
Benefits
• လစဉ်အတိုးကို ငွေသားထုတ်ယူနိုင်ခြင်း
• မြင့်မားသောအတိုးနှုန်းရယူနိုင်ခြင်း
• Customer များလိုအပ်ချက်အတိုင်း အလိုအလျောက် သက်တမ်းတိုးနိုင်ခြင်း၊ အတိုးထုတ်ယူနိုင်ခြင်း
• လုံခြုံစိတ်ချရခြင်း
• လအလိုက်ရွေးချယ်အပ်နှံနိုင်ခြင်း
Rates and Fees
ကာလ | အတိုးနှုန်း (p.a.)* |
၁ လ | ၈.၅% |
၃ လ | ၉% |
၆ လ | ၉.၂၅% |
၉ လ | ၉.၃၅% |
၁၂ လ | ၉.၇၅% |
Eligibility
• မြန်မာနိုင်ငံသား အသက် (၁၈) နှစ်နှင့် အထက် ရှိသူ (တစ်ဦးတည်းအကောင့် (သို့) ပူးတွဲအကောင့်)
• တစ်ဦးတည်းပိုင်လုပ်ငန်း၊ ပူးတွဲဆောင်ရွက်မှုလုပ်ငန်း၊ မြန်မာနိုင်ငံ ကုမ္ပဏီမှတ်ပုံတင်ထားသည့် စာရွက်စာတမ်း
• မြန်မာငွေ ၁၀,၀၀၀ ကျပ်မှ စတင်အပ်နှံနိုင်ပါသည်။
• ငွေအပ်နှံခြင်းကို ငွေသား၊ အခြားဘဏ်မှ Interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့ဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
တစ်ဦးချင်းဆိုလျှင်
• မှတ်ပုံတင် မိတ္တူ/ နိုင်ငံကူးလက်မှတ်
ကုမၸဏီ
• ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းများ
• အကျိုးခံစားခွင့်ပိုင်ရှင်များ၏ သက်သေခံစာရွက်စာတမ်းများ (မှတ်ပုံတင် / နိုင်ငံကူးလက်မှတ်)
• Memorandum of Association / Article of Association (in case of Pvt. Ltd)
• ပူးတွဲစာချုပ် (ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ဆောင်နေပါက)
စာရင်းသေအပ်ငွေ
ကြိုတင်ရည်ရွယ်ထားသော အနာဂတ်အတွက်ဆိုရင်တော့ AGD ဘဏ်ရဲ့ စာရင်းသေအပ်ငွေစာရင်းများဟာငွေကြေးအလျင်အမြန်တိုးပွားပြီး အတိုးနှုန်းအများဆုံးဖြစ်တဲ့အတွက် လူကြီးမင်းများအတွက် အကောင်းဆုံး၊ စိတ်အချရဆုံးနဲ့ အသင့်လျော်ဆုံးသော ငွေစုခြင်းနည်းလမ်းတစ်မျိုးဖြစ်ပါသည်။
တစ်နှစ်လျှင် အတိုးနှုန်း ၁၀% ရရှိနိုင်ပြီး လူကြီးမင်းများ စိတ်ကြိုက် သင့်လျော်ရာ လအလိုက် စုငွေထားရှိနိုင်မှာဖြစ်ပါသည်။
စာရင်းသေအပ်ငွေစုဆောင်းရင်း ဘဏ်မှချေးငွေရယူနိုင်သလို၊ Creditcard လျှောက်ထားခြင်းလည်း ပြုလုပ်နိုင်မှာဖြစ်ပါသည်။
စာရင်းသေအပ်ငွေ
Features:
- အနည်းဆုံးကျပ် ( ၁၀,၀၀၀ ) ဖြင့် စတင်ဖွင့်လှစ်နိုင်ခြင်း
- အတိုးရရှိနိုင်သော ငွေစုစာရင်း
- Fixed Deposit လက်မှတ်
- မြန်မာကျပ်ငွေဖြင့် စာရင်းဖွင့်နိုင်ခြင်း
Benefits
- လုံခြုံစိတ်ချရခြင်း
- အတိုးနှုန်းမြင့်မားခြင်း
- အလိုအလျှောက်အတိုးထည့်ပေးခြင်း နှင့် Customer စိတ်တိုင်းကျ သက်တမ်းတိုးခြင်း၊ ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်ခြင်း
- Fixed Deposit ထားရှိပြီး ငွေချေးယူနိုင်ခြင်း
Rates and Fees
ကာလ | အတိုးနှုန်း (p.a.)* |
၁ လ | ၇.၂၅% |
၃ လ | ၈.၂၅% |
၆ လ | ၈.၅% |
၉ လ | ၈.၅% |
၁၂ လ | ၁၀% |
Eligibility
- မြန်မာနိုင်ငံသား ၁၈နှင့် ပြည့်ပြီးသူတိုင်း (လူပုဂ္ဂိုလ်စာရင်း / ကုမ္ပဏီအဖွဲ့အစည်းများစာရင်း)
Company Limited
- Sole Proprietorship/Partnership/Pte Ltd Company registred in Myanmar
လိုအပ်သောစာရွက်စာတမ်းများ
- AGD ဘဏ်တွင် ဖော်ပြပါ ငွေစုစာရင်း တစ်ခုခု ထားရှိရမည် (Savings/Call/Current account)
- နိုင်ငံသားမှတ်ပုံတင် သို့မဟုတ် Passport မိတ္တူ တစ်စုံ
Company Limited
- ကုမ္မဏီမှတ်ပုံတင်စာတမ်းများ
- Form E,Form 6,Form 26
- ပိုင်ဆိုင်သူ၏နိုင်ငံသားမှတ်ပုံတင် သို့မဟုက် passport
- သင်းအဖွဲ့စည်းမျဉ်း၊သင်းဖွဲ့မှတ်တမ်း
- အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (ကုမ္မဏီ Letter Head နှင့်တကွ)
- ကုမ္မဏီအကောင့်ဖွင့်ရန်လျောက်လွှာ (ကုမ္မဏီ Letter Head နှင့်တကွ)
- QA Form 22 (နိုင်ခံခြားသားပါဝင်ခဲ့လျှင်)