Savings Account
ငွေစုဘဏ်စာရင်း
စိတ်ဝင်စား လူကြိုက်အများဆုံးသော AGD ဘဏ်၏ ငွေစုစာရင်းနှင့်စတင်ငွေစုပြီး သင့်ရဲ့ ငွေကြေး များတိုးပွားလာတာကို မြင်တွေ့နိုင်ပါသည်။
မည်သည့်အချိန်အခါတွင်မဆို AGD ဘဏ်တွင်ငွေကြေး စုဆောင်းလျှင် ၆% အတိုးနှုန်း ရရှိနိုင်ပါမည်။
Features
- အနည်းဆုံး ၁၀,၀၀၀ ကျပ်ဖြင့် စတင်ဖွင့်လှစ်နိုင်ခြင်း
- လုံခြုံစိတ်ချရသော EMV chip စနစ်ဖြင့် ပြုလုပ်ထားသည့် ကိုယ်ပိုင် MPU Debit card ပိုင်ဆိုင်နိုင်ခြင်း
- Internet Banking, Mobile Banking အသုံးပြုနိုင်ခြင်း နှင့် SMS alert ရယူနိုင်ခြင်း
- ငွေစုစာရင်းစာအုပ် နှင့် e statement ကို အချိန်မရွေးရယူနိုင်ခြင်း
- မြန်မာကျပ်ငွေဖြင့် စာရင်းဖွင့်ငွေစုနိုင်ခြင်း
Benefits
- အဆင်ပြေလွယ်ကူပြီး လုံခြုံမှုရှိခြင်း
- အတိုးခံစားနိုင်သည့် ငွေစုစာရင်း
- ATM များတွင် အသုံးပြုနိုင်သည် သာမက ပြည်တွင်းရှိ Merchant များတွင်လည်း POS ဖြင့်အသုံးပြုနိုင်ခြင်း
- AGD ဘဏ်ခွဲများနှင့် Call center ဝန်ဆောင်မှု (၂၄) နာရီ ရရှိနိုင်ခြင်း
Rate and Fees
- အတိုးနှုန်း - ၆%
- ၃လ (၁) ကြိမ် အတိုးထည့်ပေးခြင်း
လိုအပ်သော စာရွက်စာတမ်းများ
- နိုင်ငံသားမှတ်ပုံတင် မိတ္တူ တစ်စုံ
- ကနဦး ပေးသွင်းငွေ ၁၀၀၀ ကျပ်
- မြန်မာနိုင်ငံသား အသက် ၁၈ နှစ် နှင့် အထက်(လူပုဂ္ဂိုလ်စာရင်း / ကုမ္ပဏီအဖွဲ့အစည်းများစာရင်း)
သက်ငယ်ငွေစုစာရင်း (အသက် ၁၈ အောက် ကလေးများအတွက်)
သင့်ကလေး အနာဂါတ်လှပစေဖို့အတွက် ဒီနေ့ပဲစတင်ငွေစုပြီး သူတို့နှင့်အတူ သင့် စုငွေလည်း တိုးပွားလာမှုများ ကိုစောင့်ကြည့်လိုက်ပါ။
လိုအပ်သော စာရွက်စာတမ်းများ
- မွေးစာရင်း မိတ္ထူ တစ်စုံ
- အုပ်ထိန်းသူ၏ နိုင်ငံသားမှတ်ပုံတင် မိတ္တူ တစ်စုံ
- ကနဦး အပ်ငွေ ၁၀,၀၀၀ ကျပ်
ကျောင်းသားအပ်ငွေစာရင်း (အသက် ၁၂နှစ် မှ ၁၇နှစ်) အထိ
အနာဂါတ်အတွက်ကြိုးစား ပညာသင်ယူနေသော သင့်ကလေးအတွက် Student Saving နှင့်ယခုပင်စတင် စုဆောင်းလိုက်ပါ။
လိုအပ်သော စာရွက်စာတမ်းများ
- လျှောက်ထားသူ၏ နိုင်ငံသားမှတ်ပုံတင် မိတ္တူ တစ်စုံ
- ကျောင်းမှ ဆရာ/ဆရာမ၏ နိုင်ငံသားမှတ်ပုံတင် မိတ္တူ တစ်စုံ
- ကျောင်းမှ ဆရာ/ဆရာမ၏ ထောက်ခံစာ
- ကနဦး အပ်ငွေ ၁၀,၀၀၀ ကျပ်