တိုကင်ပေးဝေမှု ပုံစံအသစ် အသိပေးကြေညာခြင်း

October 4, 2021

လေးစားချစ်ခင်ရပါသော AGD ဘဏ် အသုံးပြုသူများရှင့်၊ 

၎ ရက်နေ့ အောက်တိုဘာလ ၂၀၂၁ မှစတင်၍ တိုကင်ရယူမှု ပိုမိုအဆင်ပြေစေရန် ပြောင်းလဲ ပြင်ဆင်ပေးထားသော တိုကင်ပေးဝေမှု ပုံစံအသစ်အား အသိပေးကြေညာအပ်ပါသည်။

လူကြီးမင်းတို့ အတွက် ငွေထုတ်ယူရန် တိုကင်ရယူမှု ပိုမိုအဆင်ပြေစေရန် ဘဏ်ခွဲပေါင်း ၂၃ခုတွင် ငွေထုတ်ယူနိုင်သည့်ရက်များတွင်လည်းကောင်း၊ ဘဏ်ခွဲပေါင်း ၅၂ ခုတွင် တစ်ပတ်ကြိုတင်၍ သောကြာနေ့တိုင်းလည်းကောင်း တိုကင်များပေးဝေသွားမည်ဖြစ်ပါသည်။

AGD ဘဏ် အသုံးပြုသူများ အားလုံး အဆင်ပြေစွာ ငွေထုတ်၊ ငွေလွှဲမှုများပြုလုပ်နိုင်ရန် အသုံးပြုသူတစ်ဦးကို ၁ပတ်တွင် ငွေထုတ်ယူမှု တိုကင်တစ်ခု နှင့် အခြားဘဏ်များသိုငွေလွှဲခြင်းတိုကင် တစ်ခုစီ တို့သာရယူနိုင်မည်ဖြစ်ပါသည်။

တိုကင်ရယူမှု ပိုမိုအဆင်ပြေစေရန်  တိုကင်ရယူနိုင်မည့် ဘဏ်ခွဲနှင့် ရက်စွဲများကို ပုံပါ စာရင်းတွင် ကြည့်ရှုနိုင်ပါသည်။

တိုကင်ရယူနိုင်မည့်အချိန် -  နံနက် ၇:၀၀ နာရီ

တစ်ဦးချင်းစုငွေမှ ထုတ်ယူနိုင်သောပမာဏ - တစ်ပတ်လျှင် ငွေကျပ် ၃သိန်း

အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက အီးမေးလ် customersupport@agdbank.com (သို့) ဖုန်း - +၉၅ ၁ ၂၃၉၉ ၃၃၃ (သို့) AGD ဘဏ်၏ Facebook page messenger (သို့) နီးစပ်ရာ AGD ဘဏ်ခွဲတွင် မေးမြန်းနိုင်ပါသည်။
 

News
Promotions
August 29, 2023
AGD Annual Strategic Summit 2023 အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ Pan…
July 14, 2023
စည်းကမ်းသတ်မှတ်ချက်များ * ယခုပို့စ်အား မိမိတို့၏ကိုယ်ပိုင် Feed တွင် Public Setting နဲ့ Share လုပ်ပေးရမည်ဖြစ်ပါသည်။ * Share…
May 5, 2023
5% off for AGD MPU Card Holders. (until 4th November 2023) Address - No.209, Parami Road, 4 Ward, South Okkalapa, Yangon.…