(၈) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်အကြီးအကဲများအစည်းအဝေး

April 9, 2022

AGD ဘဏ်၏ CEO ဦးထူးထက်တေဇသည် (၇) ရက်နှင့် (၈) ရက်နေ့ ဧပြီလ ၂၀၂၂ တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် Virtual စနစ်ဖြင့်ကျင်းပပြုလုပ်သော  (၈) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်အကြီးအကဲများအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအလွန်ကာလတွင် စီးပွားရေးပြန်လည်ထူထောင်ရေးအစီအစဉ်များ၊ ဒစ်ဂျစ်တယ်နည်းပညာတိုးတက်လာမှုနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး မူဝါဒများပြောင်းလဲလာမည့် အခြေအနေများ ၊ အာဆီယံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက်အရ အကောင်အထည်ဖော်ရေးကိစ္စရပ်များတွင် အားလုံးပါဝင်ဆောင်ရွက်သွားမည့်နည်းလမ်းများ၊ အာဆီယံနိုင်ငံအချင်းချင်း ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများ၏ တိုးတက်မှုအခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

AGD ဘဏ်အနေဖြင့် ထိုအစည်းအဝေးသို့ တက်ရောက်ရခြင်းအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပြီး အနာဂတ်တွင်လည်း တိုးတက်လာသော ဒစ်ဂျစ်တယ်နည်းပညာများဖြင့် အာဆီယံဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများတွင် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

News
Promotions
May 31, 2023
ချစ်ခင်လေးစားရပါသော AGD ဘဏ် Customer များရှင်။ AGD ဘဏ်၏ Customer များ AGD MPU Debit ကတ်နှင့် AGD ATM မှ ငွေသားထုတ်ယူမှု…
March 20, 2023
AGD EZY Savings, EZYCash, EZYCash Platinum, AGD Lucky, Business Call နှင့် SME Call အစရှိသော AGD ဘဏ်အကောင့်အသစ်များမှ AGD…
May 5, 2023
5% off for AGD MPU Card Holders. (until 4th August 2023) Address - No.209, Parami Road, 4 Ward, South Okkalapa, Yangon. For…
July 4, 2022
10% off for AGD MPU/UnionPay Card Holders. Until 4th July 2023