ငွေချက်ချင်းအပ် အတိုးချက်ချင်း ယူနိုင်မည့် ကြိုယူ အကောင့်
ငွေချက်ချင်းအပ် အတိုးချက်ချင်း ယူနိုင်မည့် ကြိုယူ အကောင့်
အပ်နှံငွေအပေါ်ရရှိသည့် အတိုးနှုန်းကို အပ်နှံပြီးသည်နှင့်တပြိုင်နက် အပြည့်အဝ ငွေသားဖြင့် ကြိုယူ နိုင်မည့် ကြိုယူအကောင့် (စာရင်းသေအပ်ငွေအကောင့်သစ်) ကို ၂ ရက်နေ့၊ မေလ၊ ၂၀၂၂ မှစပြီး AGD ဘဏ်ခွဲတိုင်းတွင် အပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ကြိုယူ အကောင့် ကို သက်တမ်း တစ်နှစ်အပ်နှံနိုင်မည်ဖြစ်ပြီး အတိုးနှုန်း ၉.၃၅% ရရှိနိုင်မည့် အပြင် ငွေစုသက်တမ်းပြည့်ချိန်တွင် Customer မှ ငွေသားဖြင့်အပ်နှံထားပါက ငွေသားအပြည့်အဝ ထုတ်ယူနိုင်ပြီး interbank transfer ဖြင့်ဖွင့်လှစ်ထားပါက transfer ပြန်လည်ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
အပ်ငွေကို ငွေကျပ် (၁၀) သိန်းမှ စတင်အပ်နှံနိုင်မှာဖြစ်ပြီး ငွေအပ်နှံခြင်းကို ငွေသား၊ အခြားဘဏ်မှ interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့ဖြင့် အလွယ်တကူပြုလုပ်နိုင်မည် ဖြစ်ပါသည်။
အတိုးကို ငွေသားချက်ချင်း ကြိုတင်ထုတ်ယူနိုင်သည့် ကြိုယူအကောင့် အကြောင်းကို နီးစပ်ရာ AGD ဘဏ်ခွဲများတွင် အသေးစိတ်စုံစမ်း အပ်နှံနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

SHARE THIS