အပတ်စဉ် ငွေသားထုတ်ယူမှုနှင့် ငွေလွှဲမှုများ ပြုလုပ်နိုင်မည့် ဘဏ်ခွဲများ
လေးစားချစ်ခင်ရပါသော AGD ဘဏ်အသုံးပြုသူများရှင့်၊
လူကြီးမင်းတို့ အတွက် ငွေထုတ်ယူရန် တိုကင်ရယူမှု ပိုမိုအဆင်ပြေစေရန် လာမည့်ရက်သတ္တပတ် အတွက် ငွေထုတ်ယူမှု ပြုလုပ်နိုင်မည့် ဘဏ်ခွဲများကို ဖော်ပြပေးလိုက်ပါသည်။
AGD ဘဏ် အသုံးပြုသူများ အားလုံး အဆင်ပြေစွာ ငွေထုတ်၊ ငွေလွှဲမှုများပြုလုပ်နိုင်ရန် အသုံးပြုသူတစ်ဦးကို တစ်ပတ်လျှင် ငွေထုတ်ယူမှု တိုကင်တစ်ခု နှင့် အခြားဘဏ်များသို့ ငွေလွှဲခြင်းတိုကင် တစ်ခုစီ တို့သာ ရယူနိုင်မည် ဖြစ်ပါသည်။
တိုကင်ရယူနိုင်မည့်အချိန် - နံနက် ၇:၀၀ နာရီ
တစ်ဦးချင်းစုငွေမှ ထုတ်ယူနိုင်သောပမာဏ - တစ်ပတ်လျှင် ငွေကျပ် ၂ သိန်း
တစ်ခြားဘဏ်သို့ ငွေလွှဲပြောင်းခြင်း (interbank transfer) - တစ်ပတ်လျှင် ငွေကျပ် ၃ သိန်း
တိုကင်မယူပဲ တစ်လအတွင်း ငွေကျပ် ၁၀သိန်း ထုတ်ယူချင်သူများအနေဖြင့် ငွေကျပ် ၅သိန်းကို ငွေသားထုတ်ယူခြင်း၊ ကျန် ၅သိန်းကို Interbank ဖြင့် မိမိနှစ်သက်ရာ ဘဏ်သို့ လွှဲပြောင်းခြင်း တို့ကို တစ်ဦးလျှင် တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
တိုကင်ရယူကာ ငွေထုတ်ခြင်း၊ အခြားဘဏ်သို့ငွေလွှဲခြင်း၊ ချက်လက်မှတ်ဖြင့်ငွေလွှဲခြင်းများပြုလုပ်ထားပြီးသော customer များအနေဖြင့် တိုကင်မလိုပဲ ငွေကျပ် ၅သိန်းကို ငွေသားထုတ်ယူခြင်း၊ ကျန် ၅သိန်းကို Interbank ဖြင့် မိမိနှစ်သက်ရာ ဘဏ်သို့ လွှဲပြောင်းခြင်း တို့ကို ထပ်မံပြုလုပ်နိုင်မည်မဟုတ်ပါ။
အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက အီးမေးလ် contact@agdbank.com (သို့) ဖုန်း - +၉၅ ၁ ၂၃၉၉ ၃၃၃ (သို့) AGD ဘဏ်၏ Facebook page messenger (သို့) နီးစပ်ရာ AGD ဘဏ်ခွဲတွင် မေးမြန်းနိုင်ပါသည်။






SHARE THIS