AGD ဘဏ်လီမီတက်နှင့် မဟာဘောဂငွေကြေးကုမ္ပဏီလီမိတက်ကြား မြန်မာကျပ်ငွေ ၂ ဘီလီယံချေးငွေသဘောတူစာချုပ်ချုပ်ဆို
AGD Bank Ltd မှ မဟာဘောဂငွေကြေးဝန်ဆောင်မှုကုမ္ပဏီလီမီတက် (MBF) နှင့် ဒုတိယမြောက် ချေးငွေအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါသဘောတူညီချက်ကို ဇူလိုင်က ၁၇ရက်နေ့ကရန်ကုန်မြို့တွင် လက်မှတ်ရေးထိုးသဘောတူခဲ့တာဖြစ်ပြီး AGD ဘဏ်အနေဖြင့် MBF ရဲ့ လုပ်ငန်းစဉ်များတိုးတက်ပြီး နိုင်ငံနဲ့တဝန်းလုပ်ကိုင်နိုင်ဖို့ အတွက်သဘောတူထောက်ပံ့ခဲ့ခြင်းဖြစ်ပါသည်။
AGD Bank Ltd ရဲ့ Chief business Officer ဖြစ်သူ ဦးပြည်စိုးထင် မှ "ကျွန်တော်တို့အနေနဲ့ မဟာဘောဂကုမ္ပဏီနဲ့ ဒုတိယမြောက် ချေးငွေသဘောတူချက်လက်မှတ်ရေးထိုးဖြစ်တဲ့အတွက် အထူးပဲ ဝမ်းမြောက်မိပါတယ်။ AGD Bank အနေနဲ့လည်း အသေးစားငွေကြေး လုပ်ငန်းများနဲ့ ဘဏ်မဟုတ်သော ငွေကြေးလုပ်ငန်းများရဲ့ တိုးတက်မှုအတွက် ဆက်လက်ပြီးတော့ ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။ ဒီတိုးတက်မှုတွေဟာ AGD ဘဏ်ကနေ
ဘဏ်လုပ်ငန်းမဟုတ်တဲ့ ငွေကြေးလုပ်ငန်းများတိုးတက်ရေးကဏ္ဍကို အစပျိုး လှုံ့ဆော်ပေးနေမှုကို ပြသနေတာဖြစ်ပါတယ်။" လို့ဆိုပါသည်။
ငွေကြေးပံ့ပိုးခြင်းသဘောတူညီမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ မဟာဘောဂ ငွေကြေးကုမ္ပဏီလီမိတက် ကနေတစ်ဆင့် အသေးစားငွေကြေးလုပ်ငန်းများနှင့် ဘဏ်မဟုတ်သော ငွေကြေးလုပ်ငန်းများအတွက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

SHARE THIS