AGD ဘဏ်က ၁၀ နှစ်ပြည့်နှစ်ပါတ်လည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်

August 7, 2020

အားလုံးရဲ့အားပေးမှုတွေနဲ့အတူ AGD ဘဏ်က ၁၀ နှစ်ပြည့်နှစ်ပါတ်လည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ 

၂၀၁၀ ခုနှစ်မှစတင်ပြီး ၂၀၂၀ ယနေ့လက်ရှိအထိ ယုံကြည်အားထားခဲ့သော customer များ၊ မိတ်ဖက်လုပ်ငန်းများနှင့် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ AGD ဘဏ်အနေဖြင့် ရှေ့ဆက်မယ့် နေ့ရက်တိုင်းကို အကောင်းဆုံးဝန်ဆောင်မှုပေးပြီး၊ ဘဏ်လုပ်ငန်းများကို မြန်မာတစ်နိုင်ငံလုံး လူတိုင်းအဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမှာဖြစ်သလို Digital Banking ဝန်ဆောင်မှုများကိုလည်း ပိုမိုကျယ်ပြန့်စွာ အဆင့်မြှင့်တင်ပြီး သုံးစွဲသူများအတွက် အကောင်းဆုံးသော ဘဏ်တစ်ခုဖြစ်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။

ယခု ၁၀နှစ်ပြည့် နှစ်ပတ်လည်ကာလတွင် AGD ဘဏ်ကတ်သုံးစွဲသူများ အတွက် အထူးပရိုမိုးရှင်းများနှင့် AGD ဘဏ်ဝန်ထမ်းများကို ကျေးဇူးတုန့်ပြန်သောအားဖြင့် ဝန်ထမ်းများအတွက် အထူးဆုပေးအပ်ခြင်း အစီစဉ်များအားလုံးကို လုပ်ဆောင်သွားမည့်အပြင် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဝန်ထမ်းများနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်းများတို့ကိုပါ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

News
Promotions
September 15, 2022
တိုတောင်းတဲ့ ငွေစုသက်တမ်းနှင့်ငွေစုပြီး ပိုများတဲ့ အတိုးကို ကြိုယူဖို့ Special Promotion ကာလအတွင်း ကြိုယူအကောင့်ဖြင့်…
August 6, 2022
ဘဏ်ဝန်ဆောင်မှု အသုံးပြုသူ Customer များအားလုံး၏ ယုံကြည်‌ထောက်ခံမှုများနှင့်အတူ AGD ဘဏ်က ၁၂ နှစ်ပြည့် နှစ်ပါတ်လည်ကို…
July 4, 2022
5% off for AGD MPU/UnionPay Debit Card Holders across all Harry's Bar locations! (until 4th July 2023)
July 4, 2022
5% off everything at Apex Gourmet Strores for AGD MPU/UnionPay Debit Card Holders. (until 4th July 2023)