AGD ဘဏ်မိသားစုမှ မြန်မာနိုင်ငံအနှံ့ တွင် သစ်ပင်ပေါင်း ၄၅၀၀ ကျော် ကူညီစိုက်ပျိုး
မြန်မာ့အကောင်းဆုံး ဒီဂျစ်တယ်ဘဏ်ဖြစ်သော အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD ဘဏ်) မှ သစ်တောများ ပြန်လည်မွမ်းမံ ထိန်းသိမ်းရေး နှင့် ရာသီဥတုဖောက်ပြန်မှု ကာကွယ်ရေး တို့အတွက် ရည်ရွယ်ကာ မြန်မာနိုင်ငံအနှံ့ သစ်ပင်များ ပိုမိုစိုက်ပျိုးရေးကို နှစ်စဉ် လုပ်ဆောင်လျှက်ရှိပါသည်။ ဤအစီအစဉ်အတွက် မြန်မာ့သစ်တော ဦးစီးဌာနနှင့် ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သစ်ပင်စိုက်ပျိုးမှုကို (၂၀.၆.၂၀၂၁)၊ (၂၆.၆.၂၀၂၁)၊ (၂၇.၆.၂၀၂၁)၊ (၄.၇.၂၀၂၁) နှင့် လာမည့် (၁၈.၇.၂၀၂၁) တို့တွင် မြန်မာနိုင်ငံအနှံ့အပြားမှ AGD ဘဏ်ဝန်ထမ်းနှင့် မိသားစုဝင်များ (ရန်ကုန်တိုင်းမှ ၃၅ဦး၊ အထက်ပိုင်းဒေသမှ ၈၀ဦး၊ အလယ်ပိုင်းဒေသမှ ၅၀ဦး၊ အောက်ပိုင်းဒေသမှ ၄၂ဦး) တို့မှ စတင်စိုက်ပျိုးခဲ့ကြပြီး လာမည့်ကာလများ အတွက်လည်း သစ်ပင်စိုက်ပျိုးမည့် အစီအစဉ်အများအပြားကို ဆောင်ရွက်ရန်လျာထားပြီးဖြစ်ပါသည်။
AGD ဘဏ်၏ Chief Executive Officer ဖြစ်သူ ဦးထူးထက်တေဇ မှ သစ်ပင်စိုက်ပျိုးမှု လုပ်ငန်းစဉ်နှင့် ပက်သက်၍ "အခုပြုလုပ်တဲ့ စီမံကိန်းက လူမှုအဖွဲ့အစည်းတိုးတက်ရေး၊ သစ်ပင်များကိုဂရုစိုက်မှု နှင့် သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရေး ကူညီမှုတို့ တိုးတက်လာရေးအတွက် ရည်ရွယ်ပါတယ်။ AGD ဘဏ်မှ ပတ်ဝန်းကျင် ထိန်းသိမ်းမှု နှင့် စိမ်းလန်းစိုပြေရေး တည်ဆောက်မှုများကို အစဉ်တစိုက်ကူညီဖို့ ဆုံးဖြတ်ထားပြီး ဒီအချက်ကို ကျွန်တော်တို့ရဲ့ နာမည် - အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် မှာပါတွေ့ရှိနိုင်ပါတယ်။ ဘဏ်မှာရှိတဲ့ ဝန်ထမ်းအားလုံးကိုလည်း ပိုမိုစိမ်းလန်းတဲ့ အနာဂတ်အတွက် လုပ်ဆောင်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်ဖို့ အမြဲတိုက်တွန်း လှုံ့ဆော်ထားပါတယ် " ဟုပြောကြားခဲ့ပါသည်။
၂၀၁၈ ခုနှစ် လေ့လာတွေ့ရှိချက်များအရ၊ တောပြုန်းမှုများသည် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန်ပေါင်း ၂၄ သန်း ထုတ်လွှင့်မှုကို ဖြစ်ပေါ်စေလျှက်ရှိပါသည်။ ထို့အပြင် ရာသီဥတုဖောက်ပြန်မှုမှာလည်း ကမ္ဘာ့ဖွံ့ဖြိုးရေး အတွက် ကြီးမားသော ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး လေ့လာတွေ့ရှိချက်များမှ ဤအချက်သည် အနာဂတ် စီးပွားရေးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး လူသန်းပေါင်းများစွာအတွက် ဆင်းရဲနွမ်းပါး မှုများ ခံရနိုင်ကြောင်း ထောက်ပြထားပါသည်။ AGD ဘဏ်မှ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယခုပြုလုပ်နေသော သစ်ပင်စိုက်ပျိုးမှုလုပ်ငန်းစဉ်ကဲ့သို့ လှုပ်ရှားမှုများကိုလည်း ဆက်လက်စီစဉ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပေးကြေညာအပ်ပါသည်။






SHARE THIS