ပြည်သူများအသုံးပြုနိုင်ရန် AGD ဘဏ် ATM စက်တည်နေရာများ အသိပေးကြေညာခြင်း
လေးစားချစ်ခင်ရပါသော AGD ဘဏ် အသုံးပြုသူများရှင့်၊
လူကြီးမင်းတို့ ငွေထုတ်ယူနိုင်ရန် လာမည့်ရက်သတ္တပတ် အတွက် ငွေဖြည့်သွင်းမှုပြုလုပ်ပေးထားမည်ဖြစ်သော ATMစက်များကို နေ့စွဲနှင့်တကွ အောက်ပါပုံများတွင် ကြည့်ရှုနိုင်ပါသည်။
*ATM မှတဆင့် ငွေထုတ်ယူခြင်း - တစ်ရက်လျှင် ငွေကျပ် ၁ သိန်း*
AGDဘဏ် ATM ကတ် အသုံးပြုသူများအနေဖြင့် မိမိအချက်အလက်များ ကာကွယ်ရန် နှင့် လိမ်လည်မှုများ ရှောင်ရှားရန် အောက်ပါအချက်များကို ပန်ကြားအပ်ပါသည်။
- ATM မှငွေထုတ်ယူမှုအတွက် တိုကင်နှင့် အခြားသောစာရင်းပေးသွင်းမှုများပြုလုပ်ရန်မလိုအပ်ပါ။
- မိမိ၏ ကတ်အား သူတပါးထံ (AGDဘဏ်ဝန်ထမ်းဟုဆိုသူများထံသို့ပါ) ပေးအပ်ထားခြင်းမပြုလုပ်ပါရန်။
- ATMကတ် ၏အချက်အလက်များနှင့် password တို့ကို သူတပါးထံ (AGDဘဏ်ဝန်ထမ်းများထံပါ) မျှဝေခြင်းလုံးဝ မပြုလုပ်ပါရန်။ ဘဏ်မှထိုအချက်အလက်များတောင်းဆိုခြင်းပြုလုပ်မည်မဟုတ်ပါ။





SHARE THIS