AGD Bank ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက် COVID-19 ကာကွယ်ဆေးထိုးနှံပေးခြင်း

August 23, 2021

AGD Bank သည် ဝန်ထမ်းများအားလုံး၏ ရပိုင်ခွင့်၊ ခံစားခွင့်နှင့် ကျန်းမာရေးအား အစဉ်လေးစား ဂရုစိုက်ခြင်း အားဖြင့် ယခုဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါပိုးမှ ကာကွယ်ပေးနိုင်ရန် အလို့ငှါ Covid-19 ကာကွယ်ဆေးများကို မိမိတို့ဘဏ် အစီအစဉ်ဖြင့်မှာယူပြီး ဝန်ထမ်းများအားလုံးထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျှက်ရှိပါသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO နှင့် ကျန်းမာရေး ဝန်ကြီးဌာန MOHS တို့၏ စံသတ်မှတ်ချက်များ၊ Protocol များနှင့်အညီ ဆေးကို စီမံ၊ သိမ်းဆည်းခြင်း၊ သယ်ဆောင်ခြင်းနှင့် ဆေးထိုးပြီး ကြောင်း အထောက်ထားများထုတ်ပေးခြင်းတို့ကို စနစ်တကျ လုပ်ဆောင်သွားမှာဖြစ်ပါသည်။ ထို့အပြင် ကာကွယ်ဆေးထိုးနှံသော အချိန်တွင် ဝန်ထမ်းများအားလုံးကို Social Distancing တိကျစွာလိုက်နာပြီး ထိုးနှံစေရန် စီမံသွားမှာဖြစ်သလို၊ ကျန်းမာရေး ဝန်ဆောင်မှုမိတ်ဖက်အဖြစ်  Asia Royal Hospital နှင့် ပူးပေါင်းကာ မိမိတို့ဝန်ထမ်း များအားလုံး ထိရောက်သော ကာကွယ်ဆေး ထိုးနှံပြီးဖြစ်အောင် သြဂုတ်လမှ စတင်ကာ ဆောင်ရွက်သွားရန် ရည်ရွယ် လုပ်ဆောင်နေပါသည်။

ယခုကဲ့သို့ မိမိတို့ဝန်ထမ်းများ၏ ဘဝအတွက် အရေးပါသော ကျန်းမာရေးစောင့်ရှောက်မှုကို ပေးစွမ်းနိုင်ခြင်း အပေါ် AGD Bank Management မှ အစဉ်ဖြည့်ဆည်းသွားနိုင်ရန်လည်း ကြိုးပမ်းလျှက်ရှိသည့်အပြင် မြန်မာ နိုင်ငံသားအားလုံး ကမ္ဘာ့ကပ်ရောဂါ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် တတ်နိုင်သမျှနည်းလမ်းဖြင့် COVID-19 စတင်ဖြစ်ပွားသည့် မတ်လ ၂၀၂၀ ခုနှစ်ထဲက COVID ကာကွယ်ရေး ပစ္စည်းများ၊ ကျန်းမာရေးအတွက် ဆေးဝါးများ နှင့်  ရံပုံငွေများကိုလည်း တတ်စွမ်းသမျှ ကူညီပံ့ပိုးခဲ့ပါသည်။

နိုင်ငံတဝန်းရှိ မိမိတို့၏ Customer များ၊ လုပ်ငန်း Partner များ၊ ပြည်သူ ပြည်သားများအားလုံး၏ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို အကောင်းဆုံး ပံ့ပိုးနိုင်အောင်ကြိုးစားလျှက်ရှိသလို မိမိတို့ဝန်ထမ်းများ ဘေးကင်းလုံခြုံ စိတ်ချရရေးအတွက်လည်း၊ မိမိတို့ဘဏ် အစီအစဉ်ဖြင့် ကာကွယ်ဆေး အပြည့်အဝပံ့ပိုးပေးခြင်းဖြင့် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

 

 

News
Promotions
August 6, 2022
ဘဏ်ဝန်ဆောင်မှု အသုံးပြုသူ Customer များအားလုံး၏ ယုံကြည်‌ထောက်ခံမှုများနှင့်အတူ AGD ဘဏ်က ၁၂ နှစ်ပြည့် နှစ်ပါတ်လည်ကို…
August 4, 2022
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) သည် ၎င်းတို့၏ CSR လုပ်ငန်းစဉ်ဖြစ်သော GROW Campaign ကို မျိုးဆက်သစ် မိဘမေတ္တာ…

Exchange rate

Buy
Sell
usd
eur
sgd
thb
usd
eur
sgd
thb
Updated: 15. 08. 2022