Asiamoney မှ ချီးမြှင့်သည့် Best Digital Bank 2021 ဆု AGD ဘဏ်မှရရှိ

April 28, 2021

Asiamoney မှ မြန်မာ့ဘဏ်ဝန်ဆောင်မှုဦးဆောင်သူ ဘဏ်တစ်ခုဖြစ်သည့် AGD ဘဏ် ကို ၂၀၂၁ အတွက် အကောင်းဆုံး ဒီဂျစ်တယ် ဘဏ်အဖြစ်ရွေးချယ်သတ်မှတ်လိုက်သည်။ Asiamoney မှ ချီးမြှင့်သောဆုများသည် အာရှတွင်ရှိသော ဘဏ်များ၏ ၁၂လအတွင်း အဓိကဘဏ်လုပ်ငန်း စွမ်း ဆောင်ချက်များကို ဖော်ထုတ်ရွေးချယ်ရန်ရည်ရွယ်ပြီး သတ်မှတ်ပေးခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆုရရှိခဲ့ခြင်းနှင့်ပက်သက်၍ AGD ဘဏ်၏ Chief Executive Officer ဖြစ်သူ ဦးထူးထက်တေဇ မှ " ဒီဆုရရှိတာ အရမ်းကို ထူးခြားကောင်းမွန်ပါတယ်။ AGD ဘဏ်က တာဝန်ရှိသူ ဝန်ထမ်းများ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးရဲ့ ကြိုးစား အားထုတ်မှုမပါပဲနဲ့ ဒီလိုဆုမရရှိနိုင်ပါဘူး။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၁၂လ ဟာ ကျွန်တော်တို့ အားလုံးအတွက် ခက်ခဲခဲ့ပါတယ်။ ဒီဂျစ်တယ်ဘဏ်လုပ်ငန်း ဖွံ့ဖြိုးလာမှုက လူတိုင်းကို အနည်းငယ် ပိုမိုလုံခြုံစေနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ကပ်ရောဂါ ဖြစ်နေတဲ့ကာလမှာ ကျွန်တော်တို့ အက်ပလီကေးရှင်း တွေကတဆင့် ပြည်သူတွေကို ထိတွေ့နိုင်ခဲ့ပြီး ဒီရောဂါနဲ့ သက်ဆိုင်တဲ့ သတင်းတွေပါ ပေးပို့ ပေးနိုင်ခဲ့ပါတယ်။

လူအများစုက သမားရိုးကျ ဘဏ်လုပ်ငန်းကိုသာ အကျွမ်းတဝင်ရှိတဲ့ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် ဘဏ်လုပ်ငန်းစဉ်ဘက်ကို ကူးပြောင်းရတာ ပိုမိုခက်ခဲပြီး စိန်ခေါ်မှုများပါတယ်။ ကျွန်တော်တို့ အတွက်တော့ ဒီဂျစ်တယ် ဘဏ်လုပ်ငန်းဟာ သမားရိုးကျ ဘဏ်လုပ်ငန်းနဲ့ အကျွမ်းတဝင်ရှိတဲ့ သူတွေရော၊ ဘဏ်လုပ်ငန်းနဲ့ အကျွမ်းတဝင် မရှိတဲ့သူတွေအပြင်၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင် နေသူတွေအတွက်ပါ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုပါပဲ" ဟုပြောကြားခဲ့ပါသည်။

လူတိုင်း၊ လုပ်ငန်းတိုင်းအတွက် ငွေပမာဏမရွေး ဝန်ဆောင်မှုပေးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းက AGD ဘဏ်အနေနဲ့  မြန်မာနိုင်ငံရဲ့ Best Digital Bank ဆုရရှိခဲ့ခြင်းအကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါသည်။ AGD ဘဏ်သည် Onepay အက်ပ်၏ ဘဏ်ပါတနာ ဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ မိုဘိုင်းလ်ဖုန်းကတဆင့် ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှုတွေ ရယူနိုင်ပြီး ဘေလ်မျိုးစုံဆောင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ ဈေးဝယ်ခြင်း၊ ငွေပေးချေခြင်း အပြင် ပြည်တွင်းဘဏ်အကောင့်များထဲကိုပါ ငွေလွှဲခြင်းများပြုလုပ်နိုင်ပါသည်။

Onepay ရဲ့ မြန်မာ့ ပထမဦးဆုံး Interbank ဝန်ဆောင်မှုက မိုဘိုင်းလ်ဖုန်းများမှတဆင့် ပြည်တွင်း ၁၆ ဘဏ်ကို ငွေလွှဲခြင်းပြုလုပ်နိုင်ပြီး ကမ္ဘာ့ကပ်ရောဂါ ကာလမှာ လွန်စွာအဆင်ပြေ အသုံးဝင် ခဲ့ပါသည်။ ယမန်နှစ်က AGD ဘဏ် အနေနဲ့ AGD FastPass နှင့် AGD Go တို့ကို စတင် မိတ်ဆက်ခဲ့ပြီး အသုံးပြုသူများ အတွက် ဒီဂျစ်တယ်ဘက်ပိုင်းကို လမ်းကြောင်းပေးခဲ့ပါသည်။ FastPass သည် အသုံးပြုသူများ ဘဏ်ခွဲများသို့ သွားရောက် ဝန်ဆောင်မှုရယူရာတွင် ကြာမြင့်သော ကြာချိန်ကို လျော့ချ ပေးနိုင်မှာဖြစ်ပြီး  AGD Go ဒစ်ဂျစ်တယ်စနစ်ဟာ ဆိုရင်ဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့်ပါ ပူးပေါင်း အသုံးပြုထားသောကြောင့် AGD ဘဏ် အသုံးပြုသူများ အနေဖြင့်  ငွေပေးခြင်း၊ အပ်နှံခြင်းများကို စာတိုက်ရုံးများ မှတဆင့်ပုံမှန် ဘဏ်ဖွင့်ချိန်ပြင်ပ များတွင်ပါ ပြုလုပ်နိုင်မှာဖြစ်ပါသည်။

ဘဏ်၏ ဒီဂျစ်တယ် ဘဏ်စနစ်ထဲသို့ ရင်းနှီးမြှပ်နှံထားမှုများသည် AGD ဘဏ်နှင့် Onepay အသုံးပြုသူများအတွက် အကျိုးများစွားဖြစ်ထွန်းခဲ့ပြီး အသုံးပြုသူများ၏ ဘဏ်စာရင်း၊ ချေးငွေ ဆပ်ခြင်း နှင့်အခြားသော ဘဏ်ဝန်ဆောင်မှုများအတွက် အထောက်အကူဖြစ်စေခဲ့ပါသည်။ AGD ဘဏ်၏ ဝန်ဆောင်မှုများသည် မြန်မာနိုင်ငံအနှံ့ ပိုမိုရေပန်းစားလာခဲ့ပြီး သုံးစွဲသူများမှလည်း မြန်မာနိုင်ငံ၏ အကောင်းဆုံး ဒီဂျစ်တယ်ဘဏ်ကို ပိုမိုရွေးချယ်လာခဲ့ကြ ခြင်းဖြစ်ပါသည်။

News
Promotions
August 6, 2022
ဘဏ်ဝန်ဆောင်မှု အသုံးပြုသူ Customer များအားလုံး၏ ယုံကြည်‌ထောက်ခံမှုများနှင့်အတူ AGD ဘဏ်က ၁၂ နှစ်ပြည့် နှစ်ပါတ်လည်ကို…
August 4, 2022
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) သည် ၎င်းတို့၏ CSR လုပ်ငန်းစဉ်ဖြစ်သော GROW Campaign ကို မျိုးဆက်သစ် မိဘမေတ္တာ…

Exchange rate

Buy
Sell
usd
eur
sgd
thb
usd
eur
sgd
thb
Updated: 15. 08. 2022