AGD ဘဏ် သည် Infosys Finacle Client Innovation Awards 2020 မှ ရွေးချယ်ချီးမြှင့်သော Channel Innovation ကို Onepay ဖြင့် ရရှိခဲ့ကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာ အသိပေးကြေညာချက်
AGD ဘဏ် သည် Infosys Finacle Client Innovation Awards 2020 မှ ရွေးချယ်ချီးမြှင့်သော Channel Innovation ကို Onepay ဖြင့် ရရှိခဲ့ကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာ အသိပေးကြေညာအပ်ပါသည်။
The Infosys Client Innovation Awards 2020 သည် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဘဏ်ပိုင်းဆိုင်ရာ ထုတ်ကုန်များ၊ customer များအပေါ်ပေးသော ဝန်ဆောင်မှု၊ လုပ်ငန်း ဒီဇိုင်းများနှင့် ဖြန့်ချိရေး လမ်းကြောင်းများတွင် လုပ်ဆောင်ချက်အကောင်းဆုံးအဖြစ် အသိအမှတ်ပြုခံရသော ဘဏ်များကို ချီးမြှင့်သော ဆုဖြစ်ပါသည်။
AGD ဘဏ်၏ Chief Technology Officer ဖြစ်သူ Mr. Bhuvanesh Shukla က “ကမ္ဘာပေါ်က အကြီးဆုံး ဆော့ဖ်ဝဲလ် ကုမဏီတစ်ခုရဲ့အခုလိုအသိအမှတ်ပြု ဆုရရှိတဲ့အချိန်က အကောင်းဆုံး အချိန်ပါပဲ၊ Infosys ကိုယ်တိုင်ကလည်း တီထွင်ဖန်တီးမှုအပိုင်းမှာ ပြယုဒ်တစ်ခုဖြစ် တဲ့အတွက်ကြောင့် ဒါဟာ တီထွင်ဖန်တီးမှု အပိုင်းနဲ့ ပက်သက်ပြီး ကျွန်တော်တို့ ရှေ့ဆက်သွားဖို့ သက်သေကောင်းတစ်ခုပါပဲ”
“ Infosys နဲ့ မိတ်ဖက်အခြေအနေဟာလည်း တကယ့်ကို အောင်မြင်နေပါတယ်။ Onepay လို AGD ဘဏ်ရဲ့ အဓိက Product တစ်ခုရဲ့ တည်ဆောက်မှုအပိုင်းကို ပံ့ပိုးဖို့အတွက် သူတို့အနေနဲ့ AGD ဘဏ်ကို ခိုင်မာ ကောင်းမွန်တဲ့ Platform တစ်ခုကိုလည်း ထောက်ပံ့ပေးထားပါတယ်”

SHARE THIS