နှစ်သစ်မှာ ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးမည့် AGD Lucky (Call Deposit Account)
နှစ်သစ်မှာ ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးမည့် AGD Lucky (Call Deposit Account)
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၂ ရက်နေ့ မှစပြီး အတိုးအပြင် အပိုထပ်ဆောင်းဆုများ လစဉ်ကံထူးနိုင်မည့် Lucky Draw အစီအစဉ် ပါဝင်သော Call Deposit အကောင့် ပုံစံအသစ် ဖြစ်သည့် AGD Lucky အကောင့်ကို စတင် မိတ်ဆက်ပေးအပ်ပါသည်။
AGD Lucky ကို ငွေကျပ် ၁၀,၀၀၀ ဖြင့် အကောင့်စတင်ဖွင့်လှစ်နိုင်ပြီး အတိုးနှုန်း 4% p.a ဖြင့် နေ့စဉ်လက်ကျန်ငွေအပေါ် အတိုးတွက်ချက်ပေးပြီး လစဉ်အတိုးထည့်သွင်းပေးမည် ဖြစ်ပါသည်။ ထို့အပြင် Lucky Draw အစီအစဉ်တွင် ပါဝင်ရန် သတ်မှတ်ချက်များနှင့်ကိုက်ညီသော အကောင့်ပိုင်ရှင်များအတွက် (0.5% p.a) နှင့်ညီမျှသော ဆုကြေးငွေအား လစဉ်တွက်ချက်ပေးပြီး Onepay Wallet ထဲသို့ အပိုထပ်ဆောင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
Lucky Draw ကံစမ်းရန်
.................................
AGD LUCKY အကောင့်တွင် လစဉ်ပျှမ်းမျှလက်ကျန် ငွေကျပ် ၅ သိန်းနှင့်အထက် ငွေစုသူ Customer များ အားလုံးသည် ကျပ်သိန်းပေါင်းများစွာ လစဉ်ကံစမ်းနိုင်ပြီ ဖြစ်ပါသည်။ ပျမ်းမျှငွေကျပ် ၅ သိန်း တိုင်းအတွက် Lucky Draw Ticket တစ်စောင်စီ ရရှိမှာဖြစ်ပြီး ငွေများများစုလေ ကျပ်သိန်းပေါင်းများစွာ ကံထူးရန် အခွင့်အရေးများလေ ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွက် အများဆုံး ငွေကျပ် သိန်း ၂၀ အထိ ကံထူးနိုင်မည့် ကျပ်သိန်းပေါင်းများစွာ ပါဝင်သော ဆု (၃၀) မဲဖောက်ခြင်း အစီအစဉ် AGD Lucky Winner များ ရွေးချယ်ပွဲ ကို ဖေဖော်ဝါရီလ အတွင်းတွင် ကျင်းပပြီး ကံထူးရှင်များကို ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။
ငွေလည်းစု၊ လစဉ်လည်းကံစမ်းနိုင်မည့် AGD Lucky အကောင့်ကို ဖုန်း +၉၅ ၁ ၂၃၉၉ ၃၃၃ (သို့) နီးစပ်ရာ AGD ဘဏ်ခွဲများတွင် အသေးစိတ် လာရောက်စုံစမ်းမေးမြန်း အပ်နှံနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

SHARE THIS