AGD ဘဏ်လီမိတက်မှ အသေးစားငွေကြေးလုပ်ငန်းတစ်ခုဖြစ်သော Microfinance Delta International Co., Ltd သို့ မြန်မာကျပ်ငွေ ၅ ဘီလီယမ် ချေးငွေချထားပေးရန်သဘောတူညီလက်မှတ်ရေးထိုး

December 18, 2019

မြန်မာနိုင်ငံရဲ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းများထဲမှ ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်သော AGD ဘဏ်အနေဖြင့် အသေးစားငွေကြေးလုပ်ငန်းတစ်ခုဖြစ်သော Delta International Co., Ltd သို့ မြန်မာကျပ်ငွေ ၅ ဘီလီယမ် ချေးငွေချထားပေးရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပါသည်။

 

အဆိုပါ လက်မှတ်ရေးထိုးခြင်းကို AGD ဘဏ်ရုံးချုပ်၌ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၇ရက်နေ့တွင် AGD ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်နှင့် Microfinance Delta International Co. Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဦးမြင့်ဆွေတို့ ဦးဆောင်ပြီး နှစ်ဖက်အဖွဲ့ဝင်များ၏ရှေ့မှောက်တွင် သဘောတူလက်မှတ်ထိုးခဲ့ကြပါသည်။

AGD ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်မှ “Microfinance Delta International Co. Ltd နဲ့ သဘောတူလက်မှတ်ထိုးခြင်းကို ဝမ်းမြောက်စွာနဲ့ ကြေညာလိုပါတယ်။ AGD ဘဏ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးအတွက် ပဓာနကျပြီး လိုအပ်တဲ့ ဘဏ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ (Banking Infrastructure) အထောက်အပံ့ပေးနိုင်ဖို့နဲ့ ဒီသဘောတူညီချက်ကနေလည်း သိသာတဲ့အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာပါ” ဟုဆိုပါသည်။

 

Microfinance Delta International Co. Ltd ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတို့ အတွက် အဆင်ပြေစေပြီး မျှတတတ်နိုင်သော ငွေကြေးဆိုင်ရာဝန်ဆောင်မှုတစ်ခု ပံ့ပိုးပေးခြင်းဖြင့် လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာစေရန်ဖြစ်ပါသည်။ ယခု AGD ဘဏ်နှင့်သဘောတူညီမှုကိုအခြေပြုပြီး မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ စီးပွားရေး တိုးတက်ကြီးမားလာစေရန်အတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

News
Promotions
September 15, 2022
တိုတောင်းတဲ့ ငွေစုသက်တမ်းနှင့်ငွေစုပြီး ပိုများတဲ့ အတိုးကို ကြိုယူဖို့ Special Promotion ကာလအတွင်း ကြိုယူအကောင့်ဖြင့်…
August 6, 2022
ဘဏ်ဝန်ဆောင်မှု အသုံးပြုသူ Customer များအားလုံး၏ ယုံကြည်‌ထောက်ခံမှုများနှင့်အတူ AGD ဘဏ်က ၁၂ နှစ်ပြည့် နှစ်ပါတ်လည်ကို…
July 4, 2022
5% off for AGD MPU/UnionPay Debit Card Holders across all Harry's Bar locations! (until 4th July 2023)
July 4, 2022
5% off everything at Apex Gourmet Strores for AGD MPU/UnionPay Debit Card Holders. (until 4th July 2023)