AGD ဘဏ် နှင့် Pact Global Microfinance Fund အကြား ငွေကြေးသဘောတူညီမှုစာချုပ် ချုပ်ဆို

August 21, 2020

AGD ဘဏ်သည် မြန်မာနိုင်ငံ၏ ငွေကြေးအဖွဲ့အစည်းများအကြားတွင် ဦးဆောင်လျက်ရှိသောဘဏ်များထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏ ဒုတိယမြောက် ငွေကြေးသဘောတူညီမှုပရောဂျက်အဖြစ် အမေရိကန်ဒေါ်လာ ၂၅သန်း (မြန်မာကျပ်ငွေ ၃၅ ဘီလျံ ) ကို  Pact Global Microfinance Fund (PGMF) နှင့် သဘောတူညီ လက်မှတ် ရေးထိုးခဲ့သည်။ ဤသဘောတူညီချက်သည် AGD ဘဏ် နှင့် အသေးစားချေးငွေလုပ်ငန်းများ အဖွဲ့အစည်းအကြား လက်မှတ်ရေးထိုးသည့် ပထမဆုံးသော hybrid loan သဏ္ဍာန် သဘောတူညီမှုတစ်ခုဖြစ်သည်။

AGD ဘဏ် နှင့် Pact Global Microfinance Fund ကုမ္ပဏီတို့အကြား ချေးငွေသဘောတူညီမှုကို ၂၀၂၀ခုနှစ် သြဂုတ်လ ၇ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံကျေးလက်ဒေသများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံ ကျေးလက်ဒေသများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို တွင်ကျယ်စေရန် အကူအညီပေးနိုင်မည်ဖြစ်ပြီး အသေးစားချေးငွေများ ထုတ်ချေးပေးခြင်းဖြင့် ကျေးလက်ဒေသများတိုးတက်ဖွံ့ဖြိုးလာပြီး တစ်နိုင်ငံလုံးအတွက် အကျိုးရှိစေရန် ရည်သန်သည်။ AGD ဘဏ်သည် မြန်မာနိုင်ငံကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေးကို အထူးအလေးထားပြီး မြန်မာနိုင်ငံသားများ၏ စားဝတ်နေရေး၊ အသက်မွေးဝမ်းကြောင်း နှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များကို ပိုမိုလွယ်ကူစေရန် ရည်ရွယ်ထားသည်။

AGD ဘဏ်လီမိတက်၏ Chief Business Officer ဦးပြည်စိုးထင်က "ခုလိုဒုတိယမြောက် Finance Agreement အဖြစ် ကျွန်တော်တို့ AGD ဘဏ် နဲ့ Pact Global Microfinance Fund ကုမ္ပဏီတို့အကြား စာချုပ်ချုပ်ဆိုနိုင်ခဲ့တာ အင်မတန်ဝမ်းမြောက်ပါတယ်။ AGD ဘဏ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်ရဲ့စိုက်ပျိုးရေးကဏ္ဍအနာဂတ်အတွက် အင်မတန်အရေးပါတဲ့၊ ရေရှည်အကျိုးဖြစ်ထွန်းနိုင်မယ့် banking အခြေခံအဆောက်အအုံတစ်ခု ပေးနိုင်ဖို့ပါပဲ။" ဟု ဆိုသည်။

Pact Global Microfinance Fund (PGMF) သည် မြန်မာနိုင်ငံရှိ အကြီးဆုံး အသေးစားချေးငွေလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ်ကတည်းကစ၍ မြန်မာနိုင်ငံကျေးလက်ဒေသများရှိ လူမှုအဖွဲ့အစည်းများကို ချေးငွေထုတ်ပေးပြီး ဝင်ငွေ နှင့် လူနေမှုဘဝအဆင့်မြင့်လာစေရန် အထောက်အကူပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 

PGMF ဥက္ကဌ နှင့် COO ဖြစ်သည့် Mr. Fahmid Bhuiya ကခုလိုလက်မှတ်ရေးထိုးတဲ့အချိန်က တကယ့်ကို အရေးပါတဲ့အချိန်ကောင်းပါပဲ။ ခုချိန်က Covid-19 ကြောင့် ကမ္ဘာ့စီးပွားရေးမှာ သက်ရောက်မှုရှိပြီး နိုင်ငံခြားငွေလဲလှယ်ရေးမှာလည်း တော်တော်လေး စိန်ခေါ်မှုများနေတဲ့အချိန်ဖြစ်ပါတယ်။ ခု သဘောတူညီထားတဲ့ အမေရိကန်ဒေါ်လာ ၂၅မီလျံကနေတဆင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေဆီက အမေရိကန်ဒေါ်လာအရင်းအနှီးတွေကို သယ်ဆောင်လာနိုင်ပြီး မြန်မာနိုင်ငံရှိ မိသားစုပေါင်း ၆၈၀၀၀ (ခန့်မှန်းခြေ) လောက်ကို အသေးစားချေးငွေဝန်ဆောင်မှုတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။" ဟု ဆိုသည်။

News
Promotions
September 15, 2022
တိုတောင်းတဲ့ ငွေစုသက်တမ်းနှင့်ငွေစုပြီး ပိုများတဲ့ အတိုးကို ကြိုယူဖို့ Special Promotion ကာလအတွင်း ကြိုယူအကောင့်ဖြင့်…
August 6, 2022
ဘဏ်ဝန်ဆောင်မှု အသုံးပြုသူ Customer များအားလုံး၏ ယုံကြည်‌ထောက်ခံမှုများနှင့်အတူ AGD ဘဏ်က ၁၂ နှစ်ပြည့် နှစ်ပါတ်လည်ကို…
July 4, 2022
5% off for AGD MPU/UnionPay Debit Card Holders across all Harry's Bar locations! (until 4th July 2023)
July 4, 2022
5% off everything at Apex Gourmet Strores for AGD MPU/UnionPay Debit Card Holders. (until 4th July 2023)