AGD Visa Credit Card ဆိုင်ရာ အသိပေးကြေငြာခြင်း
လေးစားချစ်ခင်ရပါသော AGD ဘဏ် VISA Credit Card အသုံးပြုသူ Customer များရှင့်၊
မမျှော်လင့်သော အချို့သောအခြေအနေများကြောင့် AGD ဘဏ်အနေဖြင့် VISA International နှင့် လက်တွဲလုပ်ဆောင်မှုများအား ယာယီရပ်ဆိုင်းထားလိုက်ရပါသည်။
ဤအချိန်အတောအတွင်းတွင် လူကြီးမင်းတို့အနေဖြင့် AGD ဘဏ် VISA Credit Card ဝန်ဆောင်မှုအသုံးပြု၍ ငွေပေးချေမှုများ ပြုလုပ်၍ မရနိုင်ကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
လူကြီးမင်းတို့ကို အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်ရန် AGD ဘဏ်မှ အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါသည်။ ငွေပေးချေမှုများ ပြန်လည်လုပ်ဆောင်နိုင်သည်နှင့် တစ်ပြိုင်နက် လူကြီးမင်းတို့အား AGD ဘဏ်မှ အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။
အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။
Customer Services, AGD Bank Ltd
contact@agdbank.com
+95 (01)239-9333

SHARE THIS