ဘဏ်ခွဲအချို့အား ပြန်လည် ဖွင့်လှစ်ထားကြောင်း အသိပေး ကြေညာခြင်း
ချစ်ခင်လေးစားအပ်ပါသော customer များရှင့်၊
အသုံးပြုသူများအားလုံး လိုအပ်သော အခြေခံဘဏ်ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အောက်ဖော်ပြပါ ဇယားတွင်ပါရှိသော ဘဏ်ခွဲအချို့အား ပြန်လည် ဖွင့်လှစ်ထားကြောင်း အသိပေးအပ်ပါသည်။ အပတ်စဉ်တိုင်းတွင် ဘဏ်ခွဲများ ထပ်မံတိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ဝန်ဆောင်မှုများကို ထပ်တိုးဝန်ဆောင်မှုပေးသွားရန်လည်း ကြိုးစားသွားမည်ဖြစ်ပြီး၊ update စာရင်းကို www.agdbank.com/news တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်အရ ငွေထုတ်ယူမှုနဲ့ပက်သက်ပြီး အောက်ပါအတိုင်း သတ်မှတ်ဆောင်ရွက်သွားမည်လည်းဖြစ်ပါသည်။
တစ်ဦးချင်းစုငွေမှ ငွေထုတ်ယူခြင်း - တစ်ပါတ်လျှင် ငွေကျပ် သိန်း ၂၀
လုပ်ငန်းသုံးစာအုပ်မှ ငွေထုတ်ယူခြင်း - တစ်ပါတ်လျှင် ငွေကျပ် သိန်း ၂၀၀
ATM မှတဆင့် ငွေထုတ်ယူခြင်း - တစ်ရက်လျှင် ငွေကျပ် ၃ သိန်း
မှတ်ချက်။ ။ ၂ ရက်နေ့ ဧပြီလ ၂၀၂၁ မှစတင်၍ တိုကင် စနစ်ဖြင့် ဝန်ဆောင်မှုများ တနင်္လာမှ သောကြာနေ့အတွင်းသာ ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဝန်ဆောင်မှု ရယူရန်နှင့် တိုကင်ထုတ်ယူ အသုံးပြုရန် လမ်းညွှန်
- (၉:၀၀ မှ ၁၀:၀၀၊ ၁၀:၀၀ မှ ၁၁:၀၀၊ ၁၁:၀၀ မှ ၁၂:၃၀) ဝန်ဆောင်မှုအချိန် အပိုင်းသုံးမျိုးအတွက် တိုကင် ထုတ်ပေးသွားမည်ဖြစ်ပြီး မိမိတိုကင်၏ အချိန်အတိုင်းလာရောက်ကာ ဦးရာလူစနစ်ဖြင့် ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။
- Customer များသည် မိမိ ရရှိထားသော တိုကင် အချိန်အပိုင်းသာ ဝင်ရောက်ရမည်ဖြစ်ပြီး အခြားအချိန်အပိုင်းတွင် ဝင်ရောက်၍မရပါ။
- Customer များသည် တိုကင် တစ်ခု အတွက် ဘဏ်ဝန်ဆောင်နှစ်မျိုး သာလုပ်ဆောင်နိုင်မည်ဖြစ်သည်။
- တိုကင်များပေးဝေခြင်းကို ဘဏ်မဖွင့်မီ မိနစ် ၃၀ အလိုတွင်စတင်သွားမည်ဖြစ်ပြီး ရရှိသောတိုကင်ကိုနောက်တစ်နေ့သို့ သယ်ဆောင် အသုံးပြု၍မရပါ။
- Credit card နှင့် Loan Repayment ဝန်ဆောင်မှုများကိုမူ ၁:၃၀ မှ ၂:၃၀ အတွင်း တိုကင် စနစ်မလိုပဲ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မနက်ပိုင်းတွင် ဝန်ဆောင်မှုရလိုပါက တိုကင်ယူထားရမည်ဖြစ်သည်။







SHARE THIS