ဘဏ်ခွဲအချို့အား ပြန်လည် ဖွင့်လှစ်ထားကြောင်း အသိပေး ကြေညာခြင်း
ချစ်ခင်လေးစားအပ်ပါသော customer များရှင့်၊
အသုံးပြုသူများအားလုံး လိုအပ်သော အခြေခံဘဏ်ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အောက်ဖော်ပြပါ ဇယားတွင်ပါရှိသော ဘဏ်ခွဲအချို့အား ပြန်လည် ဖွင့်လှစ်ထားကြောင်း အသိပေးအပ်ပါသည်။ အပတ်စဉ်တိုင်းတွင် ဘဏ်ခွဲများ ထပ်မံတိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ဝန်ဆောင်မှုများကို ထပ်တိုးဝန်ဆောင်မှုပေးသွားရန်လည်း ကြိုးစားသွားမည်ဖြစ်ပြီး၊ update စာရင်းကို www.agdbank.com/news တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဒါ့အပြင် AGD ATM စက်များအားလုံး Online ဖြစ်စေရန်နှင့် ငွေသားရှိစေရန်လည်း အားထုတ်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ၎င်းနှင့်ပက်သက်သော စာရင်းကိုလည်း AGD Bank ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ယခုအချိန်တွင်း အဆင်မပြေမှုများရှိခဲ့ပါက နားလည်ပေးပါရန်လည်း တောင်းဆိုအပ်ပါသည်။
ယခုငွေထုတ်ယူနိုင်သော ပမာဏမှာ အောက်ပါအတိုင်းဖြစ်သည်။
တစ်ဦးချင်းစုငွေမှ ငွေထုတ်ယူခြင်း - တစ်ပါတ်လျှင် ငွေကျပ် သိန်း ၁၀
လုပ်ငန်းသုံးစာအုပ်မှ ငွေထုတ်ယူခြင်း - တစ်ပါတ်လျှင် ငွေကျပ် သိန်း ၁၀၀
ATM မှတဆင့် ငွေထုတ်ယူခြင်း - တစ်ရက်လျှင် ငွေကျပ် ၁.၅ သိန်း









SHARE THIS