Cheque Drop Box မှတဆင့် ငွေပေးသွင်းမှုများပြုလုပ်နိုင်ပါပြီ

April 27, 2021

AGD ဘဏ် အသုံးပြုသူများရှင့်၊ 

လူကြီးမင်းတို့၏ အကောင့်များတစ်ခုမှ နောက်တစ်ခုသို့ ငွေလွှဲပေးပို့ခြင်း၊ Credit Card အသုံးပြုထားသော ပမာဏအား ငွေပြန်လည်ပေးသွင်းခြင်းနှင့် ချေးငွေပြန်လည်ပေးဆပ်ခြင်းတို့အတွက် ချက်လက်မှတ်ဖြင့် တန်းစီရန် မလိုဘဲ ငွေပေးသွင်းနိုင်ရန်အတွက် AGD ဘဏ်၏ ဘဏ်ခွဲအချို့နှင့် ATM စက်များတွင် Cheque drop box (ချက်လက်မှတ်ထည့်သွင်းရန်ပုံး) များ တပ်ဆင်ပေးထားကြောင်း အသိပေးအပ်ပါတယ်။ ထို ချက်လက်မှတ်ထည့်သွင်းရန်ပုံးများမှာ အင်တာနက်မလိုအပ်ပဲ အလွယ်တကူ အသုံးပြု ငွေလွှဲ၊ငွေသွင်းမှုများကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၎င်း Cheque drop box များကို ဘဏ်ခွဲများမှာ နေ့စဉ်သိမ်းဆည်းပေးပြီး တစ်ပါတ်လျှင် ၂ကြိမ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တိုင်း clearing လုပ်ဆောင်ပေးမည်ဖြစ်သဖြင့် customer များ၏ ငွေပေးချေမှုများကို ဘဏ်သို့လာရောက်စောင့်ဆိုင်းဖို့မလိုဘဲ အခက်ခဲမရှိ လွယ်ကူချောမွေ့စွာ ပြုလုပ်နိုင်မှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

News
Promotions
August 6, 2022
ဘဏ်ဝန်ဆောင်မှု အသုံးပြုသူ Customer များအားလုံး၏ ယုံကြည်‌ထောက်ခံမှုများနှင့်အတူ AGD ဘဏ်က ၁၂ နှစ်ပြည့် နှစ်ပါတ်လည်ကို…
August 4, 2022
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) သည် ၎င်းတို့၏ CSR လုပ်ငန်းစဉ်ဖြစ်သော GROW Campaign ကို မျိုးဆက်သစ် မိဘမေတ္တာ…

Exchange rate

Buy
Sell
usd
eur
sgd
thb
usd
eur
sgd
thb
Updated: 15. 08. 2022