ငွေသားထုတ်ယူရင်း မြင့်မားတဲ့အတိုးဖြင့် ကာလရှည်ငွေစုနိုင်မည့် enCASH
ငွေသားထုတ်ယူရင်း မြင့်မားတဲ့အတိုးဖြင့် ကာလရှည်ငွေစုနိုင်မည့် enCASH
ငွေသားများထုတ်ယူခြင်းပြုလုပ်ရင်း အတိုးများများဖြင့်ငွေစုခြင်းပါ တစ်ပြိုင်နက်ပြုလုပ်နိုင်မည့် enCASH အကောင့်အမျိုးအစားသစ်ကို AGD ဘဏ်မှ ၉ရက် မတ်လ ၂၀၂၂ တွင် စတင်မိတ်ဆက်ပေးလိုက်ပါသည်။
enCASH အကောင့်အသုံးပြုပြီး Interbank(CCT)/ Clearing တို့ဖြင့်ယူဆောင်လာသော ငွေများကို ငွေသားထုတ်ယူရင်း အတိုးများများဖြင့် ကာလရှည်ငွေစုသွားနိုင်မည်ဖြစ်ပါသည်။
Interbank Transfer(CCT) သို့မဟုတ် Clearing ဖြင့်ငွေသွင်း အကောင့်ဖွင့်ကာ စုငွေပမာဏ၏ ၄၀% အထိ ငွေစုသက်တမ်းမပြည့်ခင် ငွေသားအဖြစ်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ (စတင် ငွေအပ်ချိန်တွင် ၂၀% အထိ၊ငွေစုစဉ်ကာလအတွင်း ၂၀%အထိ)
ငွေစုသက်တမ်းပြည့်ချိန်တွင် အတိုးအပြည့်အဝကိုလည်း ငွေသားဖြင့်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
ငွေစုကာလများမှာ ၆လ နှင့် ၁၂လ တို့ဖြစ်ကြပြီး အတိုးနှုန်းအများဆုံး ၉.၂၅% အထိရယူနိုင်မည် ဖြစ်ပါသည်။
ငွေထုတ်ခြင်း နှင့် ငွေစုခြင်း ကိစ္စများကို တစ်ပြိုင်တည်း အဆင်ပြေစေမည့် enCASH ကို AGD ဘဏ်ခွဲများတွင် အသေးစိတ်စုံစမ်း အပ်နှံနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

SHARE THIS