လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များ အတွက် EZYBiz

December 9, 2021

၂၀၂၁ခုနှစ်၊  ဒီဇင်ဘာလ (၉) ရက်နေ့မှစတင်ပြီး AGD ဘဏ်တွင် လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များအတွက် အထူးသင့်တော်သော EZYBiz current အကောင့်ကိုဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အသစ်မိတ်ဆက်လိုက်သော EZYBiz အကောင့်ဖြင့် လူကြီးမင်းတို့ လုပ်ငန်း၊ဆိုင်ခန်းများအတွက် နည်းအမျိုးမျိုးဖြင့် ငွေလက်ခံနိုင်မှာဖြစ်ပြီး ငွေသားကိုအပတ်စဉ် ပြန်ထုတ်ယူနိုင်မည့် အာမခံချက်ပါ ရရှိသွားမည်ဖြစ်ပါသည်။

စာရင်းရှင်အပ်ငွေစာရင်း အသစ် EZYBiz သည် အာမခံချက်ရှိသော ငွေသားထုတ်ယူမှု၊ အခြားဘဏ်များသို့ (interbank) ငွေလွှဲနိုင်မှု စသည်တို့ကို ရယူပြုလုပ်နိုင်မှာ ဖြစ်ပါသည်။ 

လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များ အနေဖြင့် အကောင့်အတွက် မိမိလုပ်ငန်းအထောက်အထားပြသရန်လိုအပ်ပြီး မြန်မာငွေ ၁၀ သိန်းကျပ်ကနေ အကောင့် စတင်ဖွင့်လှစ်နိုင်မည် ဖြစ်ပါသည်။

လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များ အတွက် အထူးသင့်တော်သည့် စာရင်းရှင်အပ်ငွေစာရင်း အသစ် EZYBiz ကို နီးစပ်ရာ AGD ဘဏ်ခွဲများတွင် သွားရောက်ဖွင့်လှစ်ပြီး ငွေသားထုတ်ယူမှု အာမခံရရှိကာ စီးပွားရေးတိုးချဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။

News
Promotions
November 11, 2023
AGD ဘဏ်ရဲ့ အသွင်သစ် အမြင်သစ်နဲ့ ဆန်းသစ်တဲ့ AGD Mobile Banking အသစ်ကို AGD ဘဏ်အသုံးပြုသူ Customer များနဲ့ အများပြည်သူများဆီ…
November 3, 2023
လေးစားချစ်ခင်ရပါသော AGD ဘဏ်အသုံးပြုသူများရှင်၊ AGD ဘဏ်ဝန်ဆောင်မှုအသုံးပြုသူ Customer များ အဆင်ပြေချောမွေ့စွာ…
October 22, 2023
Get Cash Back at Pro - 1 with your Platinum MPU Debit Card! Promotion valid until 30th December 2023 *Cash back 2,000 MMK on…
October 22, 2023
Enjoy 15 % off at Dr. A with your Platinum MPU Debit Card! Promotion valid until 31st March 2024. 10% on any individual…