အသေးစားလုပ်ငန်းရှင်များအတွက် EZYBiz Power Account
၂၂ ရက်၊ မတ်လ၊ ၂၀၂၂ မှစတင်ပြီး အသေးစားစီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသော customers များအတွက် အထူးသင့်တော်သည့် စာရင်းရှင်အပ်ငွေ အကောင့်သစ် - EZYBiz Power ကို AGD ဘဏ်မှ စတင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။
အသစ်မိတ်ဆက်လိုက်သော EZYBiz Power အကောင့်ကို အသုံးပြုပြီး လူကြီးမင်း၏ လုပ်ငန်းအတွက် လက်ခံရရှိထားသောငွေသားများကို တစ်ပတ်လျှင် အများဆုံးသိန်း (၅၀) အထိ တိုကင်ယူစရာမလို၊ တန်းစီစရာ မလိုပဲ ထုတ်ယူနိုင်မည့်အာမခံချက်ရှိသည့်အပြင် အခြားဘဏ်များသို့ interbank (CCT) ငွေလွှဲခြင်းတို့ကိုပါ အလွယ်တကူ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
EZYBiz Power နှင့် အခြား စာရင်းရှင်အပ်ငွေအကောင့်များနှင့် မတူထူးခြားသည့်အချက်မှာ လုပ်ငန်းရှင်များအနေဖြင့် EZYBiz Power အကောင့်သစ်ဖွင့်ရန် မိမိလုပ်ငန်းလိုင်စင်အထောက်အထားများ ပြသရန်မလိုအပ်ပဲ သတ်မှတ်ထားသော လုပ်ငန်းဆိုင်ရာအချက်အလက်များပြည့်စုံစွာဖြည့်ပြီး ငွေသား (သို့) အခြားဘဏ်များမှ CCT/ Clearing တို့ဖြင့် မြန်မာငွေ (၅) သိန်းကျပ်မှစတင်ပြီး ဖွင့်လှစ်နိုင်ပါသည်။
လုပ်ငန်း၏ ငွေကြေးလည်ပတ်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန်အတွက် EZYBiz Power အကောင့်သစ်ကို နီးစပ်ရာ AGD ဘဏ်ခွဲများတွင် သွားရောက်ဖွင့်လှစ်ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

SHARE THIS