Golf ကစားသမား ဟိန်းစည်သူအား ကူညီထောက်ပံ့ပေးရန် AGD ဘဏ်မှ Sponsorship စာချုပ်သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ဟိန်းစည်သူသည် ဂေါက်သီးအားကစားကို မြန်မာနိုင်ငံတွင် ပြည်နယ်နှင့်တိုင်းအဆင့် တစ်ဦးချင်း ချန်ပီယံလုပွဲအတွက် အသက်အငယ်ဆုံး အနိုင်ရရှိသူအဖြစ် အသက် ၁၄နှစ်ကတည်းက အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သလို ထိုအသက်အရွယ်ထဲက နိုင်ငံတကာ ယှဉ်ပြိုင်ပွဲများတွင်လည်း ပုံမှန်အနိုင်ရရှိနေသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ခုနှစ်မှစတင်ပြီး ဟိန်းစည်သူဟာ ပညာရှင်တစ်ဦးအဖြစ် စတင်ကစားလာခဲ့ပြီး လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အဆင့် (၂) ကစားသမားအဖြစ်လည်း ရပ်တည်လျှက်ရှိပါတယ်။

AGD ဘဏ်ရဲ့ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်က "မြန်မာနိုင်ငံရဲ့ အတော်ဆုံး Golf ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဟိန်းစည်သူနဲ့ အခုလို Sponsorship သဘောတူညီချက် ချုပ်ဆိုရတာကို ဝမ်းမြောက်စွာနဲ့ အသိပေးလိုပါတယ်။ အခုလို Sponsorship အမျိုးအစားမျိုးပေးတာက AGD အနေနဲ့ ပထမဆုံးလည်းဖြစ်သလို ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်တွင်းက အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေကို သူတို့ရဲ့ ဆန္ဒပန်းတိုင်တွေ ပိုမိုပီပြင်လာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ Golf ပညာရပ်ကိုပိုပြီး တိုးတက်လာစေဖို့ ရည်ရွယ်တာပါ"လို့ဆိုပါတယ်။
အဆိုပါ သဘောတူညီချက်ကို AGD ဘဏ်ရဲ့ ရုံးချုပ်တွင် ၂၉ရက် ဇန်နဝါရီလ ၂၀၂၀ က ချုပ်ဆိုရေးထိုးခဲ့တာဖြစ်ပြီး ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံမှ အားကစားပညာရှင်တစ်ဦးအား တိုက်ရိုက်ပံ့ပိုး ကူညီခြင်းလည်းဖြစ်ပါတယ်။
SHARE THIS