ငွေသားချက်ချင်း ထုတ်ယူလိုသူများအတွက် INSTACash အကောင့်သစ်
ငွေလွှဲပြောင်းခြင်း၊ ငွေထည့်သွင်းလက်ခံခြင်းများပြုလုပ်ပြီးနောက် ငွေသား ချက်ချင်းထုတ်ယူလိုသော လူကြီးမင်းများအတွက် (၂၄ ရက်နေ့၊ ဇန်နဝါရီလ၊ ၂၀၂၂ ခုနှစ်) မှစတင်ကာ အကောင့်အမျိုးအစား အသစ် INSTACash ကို ဖွင့်လှစ်အသုံးပြုနိုင်ပါပြီ။
အခြားဘဏ်များမှ (Interbank/CCT) ဖြင့်လွှဲပြောင်းသောငွေများ၊ ချက်စာရွက်ဖြင့်လွှဲပြောင်းသောငွေများ၊ ငွေသားထည့်သွင်းထားသောငွေများ ကို တစ်ပတ်လျှင် ကျပ်ငွေ ၁၀သိန်း အထိ တိုကင်ယူစရာမလို၊ ဘဏ်ငွေထုတ်ရက်အထိစောင့်စရာမလို၊ တန်းစီစရာ မလိုပဲ ထုတ်ယူနိုင်မည့်အပြင်၊ အကောင့်ထဲတွင်ကျန်ရှိသောငွေများအတွက် အတိုးနှုန်း ၄% ရရှိနိုင်မည် ဖြစ်ပါသည်။
INSTACash ကို ငွေကျပ် ၅သိန်း မှစတင်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ငွေထည့်သွင်းမှုများကို ငွေသားအပြင် အခြားဘဏ်မှ Interbank ငွေလွှဲ နှင့် clearing cheque တို့ဖြင့်ပါ အလွယ်တကူပြုလုပ်နိုင်ပါသည်။
ငွေသားအလွယ်တကူထုတ်ယူရင်း အတိုးပါရရှိနိုင်မည့် INSTACash အကောင့်ကို နီးစပ်ရာ AGD ဘဏ်ခွဲများတွင် လာရောက်စုံစမ်းဖွင့်လှစ်ရန် ဖိတ်ခေါ်အပ်ပါသည်။

SHARE THIS