Kyo U Account Special Promotion

September 15, 2022

တိုတောင်းတဲ့ ငွေစုသက်တမ်းနှင့်ငွေစုပြီး ပိုများတဲ့ အတိုးကို ကြိုယူဖို့ Special Promotion ကာလအတွင်း ကြိုယူအကောင့်ဖြင့် ငွေစုလိုက်ပါ။

AGD ဘဏ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၊ ၁၄ ရက်နေ့ အထိ Promotion ကာလအတွင်း ငွေချက်ချင်းအပ် အတိုးချက်ချင်း ယူနိုင်မည့် ကြိုယူအကောင့် လာရောက် အပ်နှံမည်ဆိုလျှင် အထူးပြုလုပ်ပေးထားသော ငွေစုသက်တမ်းများ နှင့် မြင့်မားသောအတိုးနှုန်းများ ခံစားရရှိနိုင်မည် ဖြစ်ပါသည်။

အတိုးကို အပ်နှံသည်နှင့်တစ်ပြိုင်နက် ငွေသား ကြိုတင်ထုတ်ယူနိုင်မည်ဖြစ်ပြီး ငွေစုသက်တမ်းပြည့်ချိန်တွင် Customer မှ ငွေသားဖြင့် အပ်နှံထားပါက ငွေသားပြန်လည် ထုတ်ယူနိုင်ပြီး interbank transfer ဖြင့် ဖွင့်လှစ်ထားပါက transfer ပြန်လည်ပြုလုပ်နိုင်ပါမည်။

Promotion ကာလ အတိုးနှုန်းများ
.....................................................

ကျပ်သိန်း ၅၀ အောက် ငွေစုသက်တမ်း ၁လ - ၉%
ကျပ်သိန်း ၅၀ အောက် ငွေစုသက်တမ်း ၂လ - ၉.၁၀%
ကျပ်သိန်း ၅၀ အောက် ငွေစုသက်တမ်း  ၃လ - ၉.၂၅%

ကျပ်သိန်း ၅၀ နှင့် အထက် ငွေစုသက်တမ်း ၁လ - ၉.၁၀%
ကျပ်သိန်း ၅၀ နှင့် အထက် ငွေစုသက်တမ်း ၂လ - ၉.၂၀%
ကျပ်သိန်း ၅၀ နှင့် အထက် ငွေစုသက်တမ်း ၃လ - ၉.၃၅%

အပ်ငွေကို ငွေကျပ် (၁၀) သိန်းမှ စတင်အပ်နှံနိုင်မှာဖြစ်ပြီး ငွေအပ်နှံခြင်းကို ငွေသား၊ အခြားဘဏ်မှ interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့ဖြင့် အလွယ်တကူပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ယခုအထူးအစီအစဉ်သည် ၁၄ ရက်နေ့ အောက်တိုဘာလ ၂၀၂၂ အထိသာဖြစ်လို့ ‌အမြင့်ဆုံး အတိုးနှုန်းများဖြင့် အတိုးကို ငွေသားချက်ချင်း ကြိုတင်ထုတ်ယူလိုသူ လူကြီးမင်းတို့အနေဖြင့် နီးစပ်ရာ AGD ဘဏ်ခွဲသို့ အမြန်ဆုံး လာရောက်စုံစမ်းအပ်နှံဖို့ ဖိတ်ခေါ်အပ်ပါသည်။

News
Promotions
September 15, 2022
တိုတောင်းတဲ့ ငွေစုသက်တမ်းနှင့်ငွေစုပြီး ပိုများတဲ့ အတိုးကို ကြိုယူဖို့ Special Promotion ကာလအတွင်း ကြိုယူအကောင့်ဖြင့်…
August 6, 2022
ဘဏ်ဝန်ဆောင်မှု အသုံးပြုသူ Customer များအားလုံး၏ ယုံကြည်‌ထောက်ခံမှုများနှင့်အတူ AGD ဘဏ်က ၁၂ နှစ်ပြည့် နှစ်ပါတ်လည်ကို…
July 4, 2022
5% off for AGD MPU/UnionPay Debit Card Holders across all Harry's Bar locations! (until 4th July 2023)
July 4, 2022
5% off everything at Apex Gourmet Strores for AGD MPU/UnionPay Debit Card Holders. (until 4th July 2023)