အတိုးနှုန်းအများဆုံးနှင့် စာရင်းသေအပ်ငွေမှ အတိုးငွေလစဉ် ငွေသားထုတ်ယူနိုင်သော Maxi-Cash
လေးစားချစ်ခင်ရပါသော AGD ဘဏ် အသုံးပြုသူများရှင့်၊
AGD ဘဏ်၏ အတိုးအများဆုံးရရှိသော Maxima Deposits အပ်နှံသူများအနေဖြင့် အပ်ငွေ ကျပ် သိန်း(၁၀၀)နှင့်အထက်ကို ၆လ ၊ ၉လ ၊ ၁နှစ် အပ်နှံမည့်သူများအနေဖြင့် အပ်ငွေမှ လစဉ်အတိုးထုတ်ယူနိုင်သော Maxi-Cash အကောင့်အမျိုးအစားအသစ် ကိုရွေးချယ်အပ်နှံနိုင်ပြီဖြစ်ပါသည်။
အပ်ငွေကာလ ၁နှစ်အတွက် ၁၀% ၊ ၉လနှင့် ၆လ အတွက် ၉.၃၅% အတိုးရရှိသွားမည်ဖြစ်ပြီး အတိုးအား လူကြီးမင်းတို့၏ AGD saving အကောင့်ထဲသို့ လစဉ်ဖြည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ Saving အကောင့်ထဲသို့ရောက်ရှိလာသော အတိုးများကိုလည်း အကန့်အသတ်မရှိထုတ်ယူနိုင်မည်ဖြစ်ပါသည်။
AGDဘဏ်တွင် saving အကောင့်မရှိသေးသူများအနေဖြင့် Maxi-cash ငွေအပ်သည့်အခါ saving အကောင့်ပါဖွင့်လှစ်ရန်လိုအပ်ပါသည်။
လုံခြုံစွာငွေစုရင်း ပုံမှန်အတိုးထုတ်ယူလိုသော လူကြီးမင်းများအနေဖြင့် အတိုးမြင့်မားပြီး လစဉ်အတိုးကို ငွေသားထုတ်ယူနိုင်မည့် Maxi-cash ကို AGD ဘဏ်ခွဲများတွင် အသေးစိတ်လာရောက်စုံစမ်းနိုင်ပါသည်။ ယခုအထူးအစီအစဉ်သည် ၂၀၂၁ ဇူလိုင်လ ၃၁ရက်နေ့ အထိသာဖြစ်၍ အမြန်ဆုံးကြွလှမ်းခဲ့ပါရန် တိုက်တွန်းဖိတ်ခေါ်အပ်ပါသည်။

SHARE THIS