အမြင့်မားဆုံး ၁၀% အထိ အတိုးနှုန်းအသစ် ခံစားရရှိနိုင်မည့် Maxima Deposits

October 31, 2021

လေးစားချစ်ခင်ရပါသော AGD ဘဏ် အသုံးပြုသူများရှင့်၊

အမြင့်မားဆုံးအတိုးများဖြင့် ငွေစုနိုင်သော Maxima Deposits တစ်နှစ်အတိုးနှုန်းအသစ် ၁၀% ကို (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်နေ့) မှစတင်ပြီး ပြောင်းလဲတိုးမြှင့်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ငွေစုသက်တမ်း ၁ လ၊ ၃လ၊ ၆လ၊ ၉လ၊ ၁နှစ် အထဲမှ မိမိနှစ်သက်ရာ ကာလကို ရွေးချယ်အပ်နှံ နိုင်ပြီး အပ်ငွေကို ပမာဏအကန့်အသတ်မရှိ ထည့်သွင်းအပ်ထားနိုင်မည်ဖြစ်ပါသည်။

အတိုးအများဆုံးဖြင့် ငွေစုနိုင်သည့် Maxima Deposits ငွေအပ်နှံခြင်းကို ငွေသား၊ အခြားဘဏ်မှ Interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့ဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ထို့အပြင် Savings Deposit မှ အတိုးအများဆုံး ရရှိနိုင်သည့် Maxima Deposits အကောင့်ပြောင်းချင်သူများ၊ Fixed Deposit အကောင့်ရှိပြီး rollover လုပ်လိုသူများ၊ Maxima Deposits အကောင့်ရှိပြီး rollover လုပ်လိုသူများ အားလုံးအတွက် သက်တမ်းအလိုက် အောက်ဖော်ပြပါ အတိုးနှုန်းများ အထူးခံစားရရှိမည် ဖြစ်ပါသည်။
၁နှစ် - ၁၀%  **
၉လ - ၈.၅%
၆လ - ၈.၅%
၃လ - ၈.၂၅%
၁လ - ၇.၂၅%

T & C apply

ယခုလို အမြင့်မားဆုံးအတိုးနှုန်းအသစ်ဖြင့် လုံခြုံစွာငွေစုနိုင်မည့် Maxima Deposits ကို နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်း (၀၁-၂၃၉၉၃၃၃) (သို့) AGD ဘဏ်၏ Facebook messenger သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

News
Promotions
March 20, 2023
AGD EZY Savings, EZYCash, EZYCash Platinum, AGD Lucky, Business Call နှင့် SME Call အစရှိသော AGD ဘဏ်အကောင့်အသစ်များမှ AGD…
July 4, 2022
5% off for AGD MPU/UnionPay Card Holders. Until 4th July 2023
July 4, 2022
5% off everything at Apex Gourmet Stores for AGD MPU/UnionPay Debit Card Holders. Until 4th July 2023