၁၀%p.a ကို အတိုးငွေသားချက်ချင်း ထုတ်ယူနိုင်မည့် ကြိုယူ ပရိုမိုးရှင်းကာလ တိုးမြှင့်လိုက်ပါပြီ
၁၀%p.a အထူးအတိုးကို ငွေအပ်နှံချိန်တွင် ချက်ချင်း ယူနိုင်မည့် ကြိုယူ ပရိုမိုးရှင်းကာလ တိုးမြှင့်လိုက်ပါပြီ!
အသက် ၆၀နှစ် နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ အတွက် အတိုးဂါရဝလက်ဆောင်များ စီစဉ်ပေးထားသော ကြိုယူအကောင့် ပရိုမိုးရှင်းကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၊ ၃၀ရက်နေ့ အထိ ကာလတိုးမြှင့်ပေးထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ယခု အစီအစဉ်တွင် အပ်နှံသည်နှင့် တစ်ပြိုင်နက် အတိုးကိုငွေသား ကြိုတင်ထုတ်ယူနိုင်မည့် ကြိုယူအကောင့်ကို အထူးအတိုးနှုန်းအပြင် ပိုဆောင်းအတိုးပါ ပေးအပ်သွားမည် ဖြစ်ပါသည်။
ကြိုယူအကောင့်ကို ပရိုမိုးရှင်း ကာလမှာ လာရောက်အပ်နှံမည်ဆိုလျှင် အောက်ပါအတိုးနှုန်းများရရှိနိုင်မည့် အပြင် လက်ဆောင်အနေဖြင့် ကျပ်သိန်း ၅၀၀ နှင့်အထက် ပထမဆုံး လာရောက်အပ်နှံသူ အယောက် ၃၀၀ ကို Aureum Palace ဟိုတယ်တွင် ၂ည အခမဲ့ တည်းခိုခွင့် ကူပွန် ပေးအပ်သွားမည် ဖြစ်ပါသည်။
ကျပ်သိန်း ၅၀၀ နှင့်အထက်
ငွေစုသက်တမ်း ၆ လ - ၉.၆၀% + ၀.၂၅% bonus
ငွေစုသက်တမ်း ၁၂ လ - ၉.၇၅% + ၀.၂၅% bonus
ကျပ်သိန်း ၅၀၀ အောက်
ငွေစုသက်တမ်း ၆ လ - ၉.၆% + ၀.၁၅% bonus
ငွေစုသက်တမ်း ၁၂ လ - ၉.၇၅% + ၀.၁၅% bonus
ငွေအပ်နှံချိန်တွင် အတိုး ငွေသားကြိုတင်ထုတ်ယူနိုင်မည်ဖြစ်ပြီး ငွေစုသက်တမ်းပြည့်ချိန်တွင် Customer မှ ငွေသား (သို့) Interbank transfer ဖြင့် အပ်နှံထားသည့်အတိုင်း ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
အမြင့်ဆုံးအတိုးနှုန်းများနှင့် ထပ်ဆောင်းအတိုးပါ ငွေသားချက်ချင်း ကြိုတင်ထုတ်ယူလိုသူ သက်ကြီးပုဂ္ဂိုလ်များ အနေဖြင့် နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်း +၉၅ ၁ ၂၃၉၉ ၃၃၃ သို့ လာရောက်စုံစမ်းအပ်နှံဖို့ ဖိတ်ခေါ်အပ်ပါသည်။

SHARE THIS