AGDဘဏ်၏ credit card, Loan များအတွက် နောက်ကျကြေး၊ အတိုးနှုန်း များနှင့်ပတ်သက်၍ အသိပေးကြေညာချက်
ချစ်ခင်လေးစားရပါသော customer များရှင့်၊
ဘဏ်ဝန်ဆောင်မှုအသုံးပြုနေသော customer များ၏ အခြေခံလိုအပ်ချက်များကိုဖြည့်စည်းနိုင်ရန် ဘဏ်ခွဲအချို့ကို စတင်ဖွင့်လှစ်ဝန်ဆောင်မှုပေးနေပြီဖြစ်ပါသည်။ ယခင် နှစ်လတာ ကာလအတွင်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအလွယ်တကူမရရှိနိုင်ခြင်းကြောင့် Credit Card အတွက် ငွေပြန်လည်ဖြည့်သွင်းခြင်း၊ အတိုးနှုန်းပေးခြင်း၊ လစဉ်အရစ်ကျငွေပေးချေမှုများ ပြန်လည် ပေးသွင်းခြင်း တို့ကို ပြုလုပ်ရ်ျ မရခဲ့ခြင်း အပေါ် အနူးအညွတ်တောင်းပန်အပ်ပါသည်။
AGD ဘဏ်မှ ထိုအခက်အခဲများ အဆင်ပြေစေရန် ရည်ရွယ်ပြီး၊ Customer များအတွက် အောက်ပါ အတိုးနှုန်းများနှင့် နောက်ကျကြေး၊ဒဏ်ကြေးများ ကိုကောက်ခံမည် မဟုတ်ကြောင်း အသိပေးအပ်လိုပါသည်။
• ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများအတွင်း ငွေပြန်လည်ပေးသွင်းမရခြင်းအတွက် နောက်ကျကြေးများနှင့် အတိုးနှုန်းများ ပေးဆောင်ရန် လုံးဝ လိုအပ်မည်မဟုတ်ပါ။ စည်းကြပ်ပြီးသော ကြေးများရှိပါကလည်း ဘဏ်မှ ပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်ပါသည်။
• အတိုးနှုန်းပေးဆောင်ရန် ကာလရောက်ရှိနေမှုများအတွက်လည်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လ များအတွက် ထပ်ဆောင်း အတိုးနှုန်းများကောက်ခံမည်မဟုတ်ပါ။
• အရစ်ကျချေးငွေနှင့် ပုံမှန်ချေးငွေများအတွက် ၂၀၂၁ ဖေဖော်ဝါရီနှင့် မတ်လတွင် မပေးဆောင် ဖြစ်ခဲ့ခြင်းအတွက် ဒဏ်ကြေးများ ကောက်ခံမည်မဟုတ်ပါ။
Customerများ ချေးငွေများပြန်လည်ပေးဆောင်မှု ကိစ္စများ ကို ၂၀၂၁ ဧပြီလတွင် အဆင်ပြေစွာလုပ်ဆောင်နိုင်ရန် ပြန်လည်ဖွင့်လှစ်ပေးထားသော ဘဏ်စာရင်းများကို AGD Bank Website တွင်တင်ထားပေးပြီး ၎င်းမှတဆင့် အချက်အလက်များရယူပြီး ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
မှတ်ချက်
Cerdit Card: ဧပြီ ၁၆ ရက် နောက်ပိုင်းအထိ ပြန်လည်ပေးဆောင်ခြင်းမရှိသောပမာဏကိုမူ ပုံမှန်အတိုင်း နောက်ကျကြေးနှင့် ပုံမှန်အတိုးနှုန်းများအတိုင်းပေးဆောင်ရမည်ဖြစ်ပါသည်။
Overdraft: အတိုးနှုန်းပြန်လည်ပေးဆောင်ရန် နောက်ဆုံးရက် ဧပြီ ၃၀ရက်နေ့ထိစောင့်ဆိုင်းပေးမည်ဖြစ်ပြီး ၎င်းနောက်ပိုင်း အတွက် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။
Instalment Loans/ Other Loans: ပေးရန်ရှိသည်များကို ၂၀၂၁ခုနှစ် ဧပြီ ၃၀ရက်နေ့မတိုင်ခင် အဆင်ပြေစွာ ပေးသွင်းနိုင်ပြီး ၎င်းနောက်ပိုင်းအတွက်မူ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။
ဖော်ပြပါ အကြောင်းအရာများနှင့်ပက်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက AGD Bank ၏ customer service အီးမေးလ်လိပ်စာဖြစ်သော customersupport@agdbank.com သို့လည်း စာပို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

SHARE THIS